မွေးကင်းစ ကလေးငယ်

A d v e r t i s e m e n t With Us

April 15, 2020

ထိုင်းနိုင်ငံတွင် မွေးကင်းစ ကလေးငယ်များကို မျက်နှာဖုံးအုပ်ကာကွယ်ပေး

ထိုင်းနိုင်ငံက ဆေးရုံတွေမှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ဗိုင်းရပ်စ် မကူးစက်စေဖို့အတွက် မွေးဖွားလာတဲ့ မွေးကင်းစကလေးငယ်တွေကို မျက်နှာဖုံးအုပ် အကာအကွယ်ပေးနေကြပါတယ်။ မြို့တော်ဘန်ကောက်မြို့က ဆေးရုံတွေမှာ မွေးကင်းစ နီတာရဲ ကလေးငယ်လေးတွေကို ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ဖို့အတွက် မွေးဖွားဆောင်တွင်း ခုလို မျက်နှာဖုံး အကာအကွယ်တွေနဲ့ ထားရှိနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆၁၃ ယောက်ရှိခဲ့ပြီး သေဆုံး သူ ၄၁ ယောက်ရှိနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ ထိရောက်တဲ့ Lockdown တားဆီးပိတ်ပင်တာတွေ လုပ်ဆောင်မှုနဲ့အတူ  လက်ရှိကျရောက်နေတဲ့ ဆုန်ကရန်ရိုးရာ ရေသဘင်ပွဲတော်ကိုပါ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ ခုလို မွေးကင်းစကလေးငယ်တွေကို မျက်နှာဖုံးအုပ် အကာအကွယ်ပေးတဲ့ လုပ်ဆောင်မှုကိုတော့ ပရာရမ် ၉ ဆေးရုံမှ စတင်လုပ်ဆောင်ခဲ့ပြီး မြို့တော်အနှံ့ တခြားဆေးရုံတွေမှာပါ လိုက်ပါလုပ်ဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်တွေအတွက် ရည်ရွယ်ဒီဇိုင်းထွင်ဖန်တီးထားတဲ့ ဆေးရုံသုံး ဒီမျက်နှာဖုံးတွေကတော့ မွေးဖွားပြီးနောက် ကလေးငယ်ရဲ့ အိမ်ပြန်ချိန်အတွက်ပါ အကာအကွယ် ဖြစ်စေနိုင်ဖို့လည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
11 months Ago
Up