မှားယွင်းမြှုပ်နှံ

June 9, 2018

မြေကြီးထဲ ၈ နာရီကြာ မှားယွင်းမြှုပ်နှံခံရသည့် ကလေးငယ်ကို ပြန်ကယ်တင်နိုင် (ရုပ်သံ)

အသက်မရှိတော့ဘူးလို့ မှားယွင်းမြေမြှုပ်မိပြီး ၈ နာရီကျော်ကြာမှ မွေးကင်းစကလေးငယ်တဦးကို အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ Mirror သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ ဘရာဇီး နိုင်ငံမှာဖြစ်ပွားခဲ့တာပါ။ မှားယွင်းမြေမြှုပ်မိတဲ့ ကလေးငယ်က မိန်းကလေးဖြစ်ပြီး သူမကို မိဘသားချင်းတွေက အသက်မပါဘဲ မွေးဖွားလာတာလို့ ယူဆပြီး မြေမြှုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက မြေပုံထဲက ငိုသံ စတင်ကြားခဲ့ရတာဖြစ်ပြီး သူတို့ဟာ မြေပုံထဲက ကလေးငယ်ကို ဓာတ်မီးတစ်ချောင်းရဲ့ အလင်းရောင်နဲ့ ကယ်တင်ခဲ့တာပဲဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်သံ မှတ်တမ်းအရ လက်ဗလာနဲ့ ရဲနှစ်ဦးဟာ ကလေးငယ်ရဲ့ခေါင်းပိုင်းမှာရှိတဲ့ မြေကြီးတွေကို တူးထုတ်နေတာကို ထိတ်လန့်ဖွယ်မြင်တွေ့ရပါတယ်။ တဦးက မြေကြီးတွေကို တူးထုတ်ကာ ကျန်တဦးက ထွက်လာတဲ့ မြေကြီးတွေကို ဘေးဘက်ဖယ်ရှားနေတာကိုလည်း အသည်းယားဖွယ်တွေ့ခဲ့ရပါတယ်။ အင်္ဂါနေ့ည ၁၀ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်မှာ မြေကြီးတွေကို ဖယ်ရှားပြီးအဆုံး “သူအသက်ရှင်နေတုန်းပဲ၊ ဆေးရုံကားမြန်မြန်ခေါ်ပါ” ဆိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စိတ်လှုပ်ရှားစွာ အော်လိုက်တဲ့အသံကိုလည်း ဗွီဒီယိုဖိုင်မှာ ကြားလိုက်ရပါတယ်။ ကလေးငယ်လေးဟာ မြေကြီးထဲမှာ ၈ နာရီကြာ အသက်ရှင်လျက်မြှုပ်နှံခံခဲ့ရပေမယ့် သူမကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့တဲ့အချိန်မှာ ကြီးကြီးမားမား ဒဏ်ရာရရှိထားခြင်းမရှိတာကိုလည်း အံ့သြသင့်ဖွယ်မြင်တွေ့ရပါတယ်။ ကလေးငယ်ကို နီးစပ်ရာဆေးရုံ အမြန်ဆုံးပို့ဆောင်ကာ လိုအပ်တဲ့ အရေးပေါ်စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ သူမရဲ့အခြေအနေဟာ တဖြည်းဖြည်းတိုးတက်လာပြီလို့ ဆရာဝန်တွေကပြောပါတယ်။ မယ်သက်ပြင်းလေးကို ကယ်တင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သူမရဲ့ သေဆုံးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ တိုင်ကြားမှုတွေကြောင့် စစ်ဆေးဖို့ ရောက်ရှိလာခဲ့သူတွေဖြစ်ပါတယ်။ မယ်သက်ပြင်းလေးကို အသက် ၁၅ နှစ်အရွယ် မိခင်ဖြစ်သူက မွေးဖွားခဲ့တာပါ။ မိခင်ဖြစ်သူရဲ့အဆိုအရ ကလေးငယ်သက်မှတ်ထားချိန်ထက်စောကာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးမွေးချင်း ရေချိုးခန်းကြမ်းပြင်နဲ့ ခေါင်းနဲ့ စောင့်မိခဲ့တယ်လို့ သိရပါတယ်။ ကလေးက မငိုတာကြောင့် ကလေးရဲ့အဘွားဖြစ်သူက သေပြီလို့ယူဆကာ သူမကို အိမ်နောက်ဖေးမြေကွက်လပ်မှာ မြှုပ်နှံခဲ့တာဖြစ်ပါတယ်။
3 years Ago
Up