မှားယွင်းသည့် လေကြောင်းတိုက်ခိုက်မှု တာဝန်ရှိသူ ၁၆ ဦးကို အမေရိကန် အပြစ်ပေး

April 30, 2016

မှားယွင်းသည့် လေကြောင်းတိုက်ခိုက်မှု တာဝန်ရှိသူ ၁၆ ဦးကို အမေရိကန် အပြစ်ပေး

အာဖဂန် နစ္စတန်မှာ အောက်တိုဘာ ၃ ရက်နေ့က မှားယွင်းတဲ့ လေကြောင်း တိုက်ခိုက်မှုအတွက် တာဝန်ရှိသူ  ၁၆ ဦးကို အပြစ်ပေးလိုက်တယ်လို့ အမေရိကန် စစ်တပ်က ဧပြီ ၂၉ ရက်နေ့ ပြောပါတယ်။ မနှစ်က လေကြောင်း တိုက်ခိုက်မှုအတွင်း နယ်ခြားမဲ့ ဆရာဝန်အဖွဲ့ရုံးဆေးရုံ ပျက်စီးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို အမေရိကန်စစ်တပ်က စုံစမ်းစစ်ဆေးခဲ့ပြီး တမင် ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်တာမျိုး မဟုတ်ဘဲ ၀မ်းနည်းဖွယ်ရာ မှားယွင်းမှုအဖြစ် ကောက်ချက်ဆွဲခဲ့ပါတယ်။ လူ ၄၂ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရခဲ့တဲ့ မှားယွင်း တိုက်ခိုက်မှုအတွက် ဗိုလ်ချုပ်တဦးနဲ့ သူ့လက်အောက်က စစ်မှုထမ်းတွေမှာ တာဝန်ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။ သူတို့ကို ဥပဒေကြောင်းအရ အရေးယူမှာ မဟုတ်ပေမယ့် တာဝန်ကနေ ရပ်စဲတာမျိုး ဖြစ်လာနိုင်ပါတယ်။
6 years Ago
Up