မှားယွင်းလွှင့်ပစ်မိသည့် ဒေါ်လာ ၃ သောင်းပါ ခေါင်းအုံးကို သန့်ရှင်းရေးအလုပ်သမားများ ပြန်ရှာတွေ့

November 25, 2016

မှားယွင်းလွှင့်ပစ်မိသည့် ဒေါ်လာ ၃ သောင်းပါ ခေါင်းအုံးကို သန့်ရှင်းရေးအလုပ်သမားများ ပြန်ရှာတွေ့ (ရုပ်သံ)

တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမှာ နိုဝင်ဘာ ၁၇ ရက်နေ့က မိလ္လာသန့်ရှင်းရေး အလုပ်သမား ၁၀ ဦးဟာ အမှိုက်တန်ချိန် ၁၅ တန်ကို တနာရီကြာ မွှေနှောက်ပြီး အမေရိကန်ဒေါ်လာ ၃ သောင်းထည့်ထားတဲ့ ခေါင်းအုံးကို ရှာခဲ့ရပါတယ်။ ဒေသခံ ရှန်းမျိုးနွယ်ဝင်က အမှိုက်တွေသယ်ပို့တဲ့ စခန်းဆီ ရောက်လာခဲ့ပြီး ဒေါ်လာ ၃ သောင်းပါတဲ့ ခေါင်းအုံးကို အမှိုက်အဖြစ် မှားယွင်းလွှင့်ပစ်မိလို့ လာရှာတာလို့ ဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေက ရှာပေးခဲ့ပြီး နောက်ဆုံးမှာတော့ အမေရိကန်ဒေါ်လာ ၃ သောင်းထည့်ထားတဲ့ ခေါင်းအုံးကို ရှာတွေ့ခဲ့တာပါ။ ဒီစခန်းကိုရောက်လာတဲ့ အမှိုက်တွေကို ကုန်သေတ္တာ ၃ လုံးထဲ ထည့်ထားခဲ့ပြီး ၂ လုံးကတော့ အဝေးကို သင်္ဘောနဲ့ ပို့လွှတ်လိုက်ပြီဖြစ်လို့ တလုံးသာ ရှာဖို့ကျန်တော့တယ်လို့ ဟူလင်းအမှိုက်စခန်း ဈေးကွက်ဌာန ဒု-မန်နေဂျာက ပြောပါတယ်။ ပိုင်ရှင်ကိုကူညီဖို့ ကုန်သေတ္တာကိုဖွင့်ပြီး အလုပ်သမား ၁၀ ဦးက အဲဒီခေါင်းအုံးကို ရှာပေးခဲ့ပြီး နောက်ဆုံး ခေါင်းအုံးပြန်ရတဲ့အတွက် ပိုင်ရှင်ကလည်း အင်မတန် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
5 years Ago
Up