မွန် ၂ ပါတီ

May 21, 2021

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံပွဲ မွန် ၂ ပါတီလုံး တက်ရောက်

နေပြည်တော်မှာ ဒီကနေ့ မေလ ၂၁ ရက်မနက်က ပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်‌ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့  တွေ့ဆုံပွဲကို မွန်နိုင်ငံရေး ပါတီ ၂ ခု စလုံး တက်ရောက်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီနဲ့အမျိုးသမီးပါတီ(မွန်)တို့ တက်ရောက်ခဲ့တာပါ။

ရွေးကောက်ပွဲကော်မရှင်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၂ နေရာ အနိုင်ရရှိခဲ့ပြီး အမျိုးသမီးပါတီ(မွန်)ကတော့ ကိုယ်စားလှယ်နေရာ အနိုင်ရရှိခဲ့ခြင်း မရှိပါဘူး။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်‌ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံပွဲကို ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်တွေအပါအဝင် နိုင်ငံရေးပါတီ ၆၂ ပါတီ တက်ရောက်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပါတီနဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ပါတီတို့ကတော့ တက်ရောက်ခြင်းမရှိပါဘူး။ 

6 months Ago
Up