မွန်းဂျေးအင်

February 20, 2020

အော်စကာဆုရ ပါရာဆိုဒ်ဇာတ်ကားတွင် ပါဝင်သူများကို တောင်ကိုရီးယားသမ္မတ ဂုဏ်ပြု

၂၀၂၀ မှာ ကျင်းပတဲ့ အော်စကာ ဆုပေးပွဲအတွင်း အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုတွေကိုရခဲ့တဲ့ ပါရာဆိုဒ် ဇာတ်ကားမှာ ပါဝင်တဲ့ အဖွဲ့သားအားလုံးကို တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းက ဖေဖော်ဝါရီ ၂၀ မှာ တွေ့ဆုံပါတယ်။ အော်စကာဆုတွေ ရယူပြီး နိုင်ငံ့သမိုင်းဝင် အကြီးဆုံးအောင်ပွဲကို အရယူခဲ့တဲ့အတွက် သမ္မတ အိမ်ပြာတော် ခြံဝင်းအတွင်း အလုပ်သဘော နေ့လယ်စာ စားပွဲနဲ့ တည်ခင်း ဧည့်ခံပြီး  ချီးကျူးဂုဏ်ပြုပါတယ်။  တောင်ကိုရီးယားက အမှောင်ဘက်ခြမ်း လူ့အဖွဲ့အစည်းကို သရော်ထားတဲ့ ပါရာဆိုဒ် ဇာတ်ကားဟာ ရုပ်ရှင်လောကမှာ အမြင့်ဆုံးဂုဏ်ပြုမှု ဖြစ်တဲ့ အော်စကာဆုတွေကို အင်္ဂလိပ် စကားပြော မဟုတ်တဲ့ ရုပ်ရှင် ကဏ္ဍကနေ ဆွတ်ခူးရရှိပြီး သမိုင်းဝင်ခဲ့ပါတယ်။
1 year Ago
Up