မွန်လူငယ်များ

March 30, 2021

စစ်အာဏာရှင်ကို တော်လှန်နေသည့် မွန်လူငယ်များက CRPH ထံ အချက် ၄ ချက် တောင်းဆို

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မွန်လူငယ်တွေက မတ်လ ၃၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို အိတ်ဖွင့်ပေးစာ ပေးပို့ပြီး အချက် ၄ ချက် တောင်းဆိုလိုက်ပါတယ်။

မွန်လူငယ်တွေရဲ့ တောင်းဆိုချက်တွေထဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်း ကြောင်း အမြန်ဆုံးကြေညာပေးဖို့နဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် အသစ်ပြန်လည် ရေးဆွဲရေး လုပ်ငန်းစဉ်အား တိုင်းရင်းသား လူမျိုးစုအားလုံး သဘောတူညီချက်ဖြင့် ကြေညာဖို့ လည်း ပါဝင်ပါတယ်။

ဒါအပြင် ဖက်ဒရယ်တပ်မတော် တည်ထောင်နိုင်ဖို့အတွက် တိုင်းရင်းသား တပ်မတော်တွေ အားလုံးပါဝင်နိုင်တဲ့ မူတစ်ခုဖြင့် CRPH မှ သင်တန်းရေးရာ အပါအဝင် လိုအပ်သလို အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

မွန်လူငယ်တွေရဲ့ နောက်ဆုံး တောင်ဆိုးချက်မှာတော့ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသရှိ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကလေးသူငယ်တွေအတွက် အရေးပေါ် လိုအပ်ချက်များကို အမြန်ဆုံး တာဝန်ယူ ထောက်ပံ့ပေးဖို့ ပါဝင်ပါတယ်။

2 months Ago
Up