မွန်ပြည်သစ် ထိန်းချုပ်နယ်စပ်

September 3, 2021

မွန်ပြည်သစ် ထိန်းချုပ်နယ်စပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ စတင်တပ်စွဲ

မွန်ပြည်သစ်ပါတီ NMSP  ထိန်းချုပ်နယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာအနီးမှာ အာဏာသိမ်း စစ်ကောင်စီတပ် အင်းအား ၅၀ လောက်  ရောက်ရှိလာတယ်လို့  ဒေသခံတွေကထံက သိရပါတယ်။ 

စစ်ကောင်စီတပ် အင်အား ၅၀ လောက်ဟာ ကျုံလောင်းကျေးရွားအနီးကို စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာပြီး တပ်စွဲထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ရောက်ရှိလာတဲ့အတွက်ကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းနေပေမယ့် အဆက်အသွယ် ရရှိခြင်း မရှိသေးပါဘူး။

အာဏာသိမ်း စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ တိုင်းရင်းသား နယ်မြေတွေထဲကို စစ်အင်အားတိုးချဲ့လာလို့  မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေး တိုးမြှင့်လာတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဧပြီ ၃၀ ရက်နေ့မှာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPC နဲ့ သွားရောက်တွေ့ဆုံထားပါတယ်။

3 months Ago
Up