မွန်ပြည်နယ်အစိုးရ

August 29, 2020

လာမည့်ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အစိုးရ ဘတ်ဂျက် ၁၅၄ ဘီလီယံကျော်သုံးစွဲရန် တင်ပြ

လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ မွန်ပြည်နယ် အစိုးရအနေနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက် ရန်ပုံငွေ ကျပ် ၁၅၄ ဘီလီယံကျော် သုံးစွဲသွားဖို့ သြဂုတ် ၂၈ ရက်က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ တင်ပြတောင်းခံခဲ့ပါတယ်။ ဒီအစည်းအဝေးမှာတော့ အစိုးရအဖွဲ့က ပြည်နယ်အတွင်း သုံးစွဲဆောင်ရွက်မယ့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး ပြည်နယ်တခုလုံးမှာ ဘတ်ဂျက် ရန်ပုံငွေ ကျပ် ၁၅၄ ဘီလီယံကျော် သုံးစွဲဆောင်ရွက်မယ့်အကြောင်း တင်ပြခဲ့တာပါ။ ဘတ်ဂျက် ရန်ပုံငွေ သုံးစွဲမှုအနေနဲ့ သာမန် အသုံးစရိတ်အတွက် ကျပ် ၃၅ ဘီလီယံကျော်၊ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၁၁၉ ဘီလီယံကျော်ကို သုံးစွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  သုံးစွဲဆောင်ရွက်မယ့် ဘတ်ဂျက်ရန်ပုံငွေထဲမှာ ပြည်ပချေးငွေဖြစ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေက ကျပ် ၁၆ ဘီလီယံကျော် ပါဝင်နေတာပါ။ ဒီဘတ်ဂျက် ရန်ပုံငွေကို သုံးစွဲရာမှာတော့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိရေး၊ မြို့ပြဖွံ့ဖြိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ဦးစားပေးကဏ္ဍ ၁၄ ခု သတ်မှတ်ထားပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့က တင်ပြတောင်းခံလာတဲ့ ဘတ်ဂျက် ရန်ပုံငွေကိုတော့ အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးအတွင်း အတည်ပြုပေးသွားဖို့ ရှိနေပါတယ်။
1 year Ago

August 24, 2020

ရခိုင်ပြည်နယ်မှ လာသူအားလုံး Quarantine ဝင်ရန် မွန်ပြည်နယ်အစိုးရထုတ်ပြန်

ရခိုင်ပြည်နယ်ကနေ လာရောက်သူအားလုံး Quarantine ဝင်ရမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က သြဂုတ် ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ်မှ မွန်ပြည်နယ်သို့ လာရောက်မယ့်သူတွေအနေနဲ့ ဘယ်အကြောင်း ကိစ္စဖြစ်စေ မိမိနေထိုင်ရာ မြို့နယ်၊ ရပ်ကွက်ကျေးရွာ နေထိုင်ကြောင်း ထောက်ခံစာပြသရမယ်လို့ ဆိုပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ် stay at home သတ်မှတ်ထားတဲ့ မြို့နယ်ကနေ မွန်ပြည်နယ်ကို လာရင် ၁၄ ရက် quarantine ဝင်ရမယ့်အပြင် ကိုဗစ်-၁၉  ရောဂါပိုး ရှိ မရှိ နှစ်ကြိမ် ဓာတ်ခွဲ နမူနာ ရယူပြီး စစ်ဆေးခံရမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့လည်း လူစုလူဝေးရှိရာ နေရာတွေကို လုံးဝ သွားရောက်ခြင်းမှရှောင်ကြည်ကြဖို့နဲ့ အပြင်ထွက်တိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း mask စနစ်တကျ မပျက်မကွက် တပ်ဆင်ကြဖို့ မွန်ပြည်နယ်န အစိုးရအဖွဲ့က ဆော်ဩထားပါတယ်။ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာတွေ ဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုခက်တဲ့ဝေဒနာ ခံစားရရင် ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေထံအမြန်ဆုံး သတင်းပို့ပေးကြဖို့နဲ့ ရောဂါးပိုး ရှိသူတွေကို ရှာဖွေဖော်ထုတ်တဲ့ လုပ်ငန်းစဉ်ကို ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။ သတင်း - ဇော်လွင်ထွဋ် 
1 year Ago
More News
Up