မွန်ချန်ဂလတ်ဘတ်

January 9, 2021

ဂျာမန်ဘွန်ဒတ်စ်လီဂါ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ် ရှုံးပွဲတွေ့

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်း အဝေးကွင်းမှာ မွန်ချန်ဂလတ်ဘတ်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးသွားပါတယ်။  ဘိုင်ယန်မြူးနစ်က မိနစ် ၂၀ နဲ့ ၂၆ မိနစ်တို့မှာ လီဝမ်းဒေါ့စကီး၊ ဂေါ်ရက်ဇကာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။  ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ပေမယ့် ဂိုးပေါက် ကန်သွင်းမှုမှာတော့ အပြန်အလှန် ရခဲ့ပါတယ်။  ဒါပေမယ့် အိမ်ရှင် မွန်ချန်ဂလတ်ဘတ်အတွက် ချေပဂိုး ၂ ဂိုးကို စတင်ဒယ်နဲ့ အနိုင်ဂိုးတစ်ဂိုးကို ဟော့မန်းက သွင်းယူပါတယ်။  ဒီပွဲရှုံးတဲ့ ဘိုင်ယန်မြူးနစ်က ၃၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပေမယ့် ဒုတိယနေရာက လိုက်ဇစ်အသင်းက နိုင်ရင် အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 
3 months Ago

March 8, 2020

ဂျာမန်ဘွန်ဒတ်စ်လီဂါတွင် ဒေါ့မွန် အနိုင်ရပြီး အဆင့် ၂ နေရာ တက်လှမ်း (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါမှာ ဒေါ့မွန်က အဝေးကွင်းမှာ မွန်ချန်ဂလတ်ဘတ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။  မွန်ချန်ဂလတ်ဘတ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာ ဧည့်သည်အသင်းက အနည်းငယ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၈ မိနစ်မှာ ဟာဇက်က သွင်းယူပါတယ်။ ခြေစွမ်းမကွာတဲ့ နှစ်သင်းဆုံတာ ဖြစ်လို့ အကြိတ်အနယ်နဲ့ အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။  မွန်ချန်ဂလတ်ဘတ်အတွက် ချေပဂိုးကို မိနစ် ၅၀ လောက်မှာ စတင်ဒယ်က သွင်းယူပါတယ်။ ဒေါ့မွန်အတွက် အနိုင်ဂိုးကို အင်္ဂလန် လူငယ်တောင်ပံသမား ဆန်ချိုရဲ့ ပေးပို့မှုကနေ ဟာကီမီက သွင်းယူပါတယ်။  ဒီပွဲနိုင်တဲ့ ဒေါ့မွန်က ၅၁ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကိုတက်လှမ်းသွားပါတယ်။ 
1 year Ago
Up