မွတ်စလင်အိဒ်အယ်ဖစ်ပွဲတော်

May 14, 2021

အင်ဒိုနီးရှားတွင် မွတ်စလင်အိဒ်အယ်ဖစ်ပွဲတော်ဝတ်ပြုပွဲ ကျင်းပ

ကိုရိုနာဗိုင်းရပ် ကူးစက်ကပ်ဘေး စိုးရိမ်မှုတွေ ကျဆင်းသွားပေမဲ့ အင်ဒိုနီးရှားနိုင်ငံက မွတ်စလင်တွေဟာ အိဒ်အယ်လ်ဖစ်တာပွဲတော် ဝတ်ပြုပွဲကို ကျင်းပဖို့ မေ ၁၃ ရက် မနက် အရုဏ်တက်ချိန်မှာ ပါးစပ်နှာခေါင်းစည်းတွေ ဝတ်ဆင်ပြီး ဗလီတွေဆီကို သွားရောက်ခဲ့ကြပါတယ်။

ကမ္ဘာ့အကြီးဆုံး မွတ်စလင် လူများစုရှိရာနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး ကြိုးစား ရုန်းကန်နေရဆဲပါ။

 ဝတ်ပြုပွဲအတွင်း ကျန်းမာရေးဆိုင်ရာ နည်းစနစ်တွေကို လိုက်နာကြဖို့ ဝတ်ပြုသူတွေကို အကြံပြု ထားပါတယ်။  မွတ်စလင်တို့ရဲ့ ရာမာဒန် ဥပုသ်လအတွင်း လှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ကိုလည်း အစိုးရက ဆော်သြ ထားပါတယ်။

မွတ်စလင်တို့ရဲ့ ရာမာဒန်ဥပုသ်လ ပြီးဆုံးတဲ့ အထိမ်းအမှတ် အိဒ်ပွဲတော်ကို လူစုလူဝေးနဲ့ ကျင်းပခွင့်ရလို့ ဝတ်ပြုသူတွေက ကျေးဇူးတင်နေကြတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။

 ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး အမြန်ပြီးဆုံးပြီး အမြဲအတူ ဝတ်ပြုနိုင်ဖို့ မျှော်လင့်တယ်လို့ လည်း ဝတ်ပြုသူ တစ်ယောက်က ပြောပါတယ်။

 အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံအရေ အတွက်ရော ကူးစက်ခံ သေဆုံးသူ ဦးရေပါ အမြင့်ဆုံး ဖြစ်ခဲ့တာပါ။

 လူ ၁ ဒသမ ၇ သန်းကျော် ကူးစက်ခံခဲ့ရပြီး လူ လေးသောင်းခွဲကျော် သေဆုံးခဲ့တဲ့အပြင် ဗိုင်းရပ်စ်ရဲ့ ဒဏ်ကို ကျန်းမာရေးလုပ်သား အများအပြား ခံစားခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

7 months Ago
Up