မှတ်ပုံတင်

January 26, 2019

အိမ်ခြံမြေ မှတ်ပုံတင်ကိစ္စ အချိန်ကြာမြင့်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းက ကြီးမှူးကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး မှတ်ပုံတင်တဲ့ အပိုင်းတွေမှာ အချိန်ကြာမြင့်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ကျင်းပခဲ့ပါတယ်။ လက်ရှိမှာတော့ အိမ်ခြံမြေမှတ်ပုံတင်တာ ရက်ပေါင်း ၈၅ ရက်ကြာမြင့်တာကြောင့် ဒီ့ထက်ရက်လျှော့ချပေးဖို့အတွက် အိမ်ခြံမြေ လုပ်ငန်းရှင်တွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်တွင်းအခွန်များဦးစီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနနဲ့ ရန်ကုန်တိုင်း မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနတို့က အပြန်အလှန် ဆွေးနွေးခဲ့ကြတာပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာကတော့ မြေယာမှတ်ပုံတက်လျှောက်ထားမှုတွေအတွက် ပြည်သူလူထုတွေ သိရှိအောင် သက်ဆိုင်ရာ ဝက်ဆိုက်စာမျက်နှာတွေကနေ မကြာခင်အချိန်အတွင်းမှာ အသေးစိတ်ထုတ်ပြန်ကြော်ငြာ သွားမယ်လို့ ပြောပါတယ်။
2 years Ago

November 2, 2018

ဧရာဝတီတိုင်းတွင် သစ္စာအထူးစီမံကိန်းဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေ

ဧရာဝတီတိုင်းဒေသကြီးထဲမှာ သစ္စာအထူးစီမံကိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကနေ အသက် ၁၀ နှစ်နဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို  နေ့ချင်းပြီး မှတ်ပုံတင်ပြုလုပ်ပေးနေပါတယ်။ လက်ရှိမှာတော့  အင်္ဂပူမြို့နယ်ထဲရှိ ကျေးရွာအုပ်စု ၇၂ ခုနဲ့ ရပ်ကွက် ၈ ခုရှိ ပြည်သူတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေရရှိအောင် ကွင်းဆင်းဆောင်ရွက်နေပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနေတာဖြစ်ပြီး အသက် ၁၀ နှစ်ပြည့်သူတွေကို ပုံစံ ၄ (က)၊ အသက် ၁၈ နှစ်ပြည့်သူတွေကိုတော့ ပုံစံ ၆ (က) နဲ့ မှတ်ပုံတင်ရရှိအောင် ဆောင်ရွက်ပေးနေတယ်လို့ အင်္ဂပူမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး စိုင်းလှသိန်းဦးက​ ပြောပါတယ်။ "ကျ​နော်​တို့ ဌာနက​နေ နိုင်ငံတော်​အတိုင်​ပင်​ခံနဲ့ သမ္မတရဲ့လမ်းညွှန်​မှုနဲ့ ဧရာဝတီတိုင်းအတွင်း မှတ်​ပုံတင်​မရှိတဲ့သူ မရှိရ​လေ​အောင်​ ခုလိုသစ္စာ အထူးစံမံကိန်းနဲ့ ကွင်းဆင်း​ ဆောင်​ရွက်​​ပေး​နေတာ။” ကျွဲ​​သောင်းေ​ကျးရွာ အုပ်​ချုပ်​​ရေးမှူး ဦးသန်းထွဋ်က​တော့ "ခုလိုကွင်းဆင်းပြီး မှတ်​ပုံတင်​ရရှိဖို့ ကျ​နော်​တို့က အုပ်​စုတွင်းမှာ စာရင်းအရင်​​ကောက်​တယ်​။ ပြီးတော့ ကျောင်း​တွေက ဆရာဆရာမ​တွေနဲ့ ညှိနှိုင်းပြီး အချက်​အလက်​​တွေကို လဝကဦးစီးဌာနကို တင်​ပြပြီး ကွင်းဆင်း​ ဆောက်​ရွက်​ဖို့ စီစဉ်​ရပါတယ်​”လို့ ပြောပါတယ်​။ ​နတ်​ခြံအုပ်​စု​နေ ကိုကုလားကြီးက​တော့ "ခုလိုကွင်းဆင်း​ဆောင်​ရွက်​​တော့ ကျ​နော်​တို့​ တောသူ​တောင်​သား​တွေအတွက်​ အဆင်​​ပြေတာ​ပေါ့။ မြို့နယ်​သွားလုပ်​ရင်​ ဆိုင်​ကယ်​ကယ်​ရီခ ထမင်းစတဲ့ ကုန်​ကျစားရိတ်​များတယ်​​လေ​။ အောက်​​ခြေကွင်းဆင်းလုပ်​​ပေး​တော့ အဆင်​အရမ်း​ပြေပါတယ်​။ ဖြစ်​နိုင်​ရင်​ သုံးလ တကြိမ်​​လောက်​ ဆင်းလုပ်​​ပေး​စေချင်​တယ်​"​လို့ ပြောပါတယ်​။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ  အင်္ဂပူမြို့နယ်အတွင်းရှိ အသက် ၁၀ နှစ်နဲ့ ၁၈ နှစ်ပြည့်ပြီးသူ ၁၂၆၄ ဦးကို မှတ်ပုံတင်ထုတ်ပေးနိုင်ခဲ့ပြီး မှတ်ပုံတင်မရရှိသူတွေကိုလည်း စီမံကိန်းချ ဆောင်ရွက်ပေးနေပါတယ်။ သတင်း-ဓာတ်ပုံ- သန်းထိုက်မြင့်
2 years Ago
More News
Up