ဒိန်းမတ်နိုင်ငံမှာ အစိုးရရဲ့ မြွေပါသုတ်သင်ရေး အမိန့်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ မြွေပါ မွေးမြူရေးသမားတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဝန်ကြီးချုပ်က မျက်ရည်လည်ပြီး ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက်က ဒိန်းမတ်ဝန်ကြီးချုပ် မေးဖာဒိုက်ဆီဟာ နိုင်ငံအနောက်ပိုင်း ကော်လင်းဒေသက မြွေပါမွေးမြူရေးသမားတစ်ယောက်ကို သွားတွေ့ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဖာဒိုက်ဆီက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
"မြွေပါမွေးမြူရေးကျွမ်းကျင်လှတဲ့ အဖေနဲ့သား မျိုးဆက်နှစ်ခုဟာ အချိန်တိုလေးအတွင်းမှာပဲ သူတို့လုပ်ငန်းတွေ ထိခိုက်ပျက်စီးကုန်တယ်။ မြွေပါမွေးမြူရေးသမားတွေ ထိခိုက်ခံစားရသလို ကိုယ်တိုင်လည်း ခံစားရပါတယ်။”
ဒိန်းမိတ်နိုင်ငံက ရာနဲ့ချီတဲ့ မြွေပါမွေးမြူရေးခြံတွေမှာ ကာကွယ်ဆေး မတိုးလောက်တဲ့ ဗိုင်းရပ်စ်မျိုးရင်းသစ်အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာကို ထိန်းချုပ်ဖို့ နိုင်ငံတဝှမ်းက မြွေပါကောင်ရေ ၁၇ သန်းကို သုတ်သင်ဖို့ အစိုးရက အမိန့်ချခဲ့ပါတယ်။
ဒီအတွက် ဝန်ကြီးချုပ် ဖာဒိုက်ဆီဟာ အတိုက်အခံတွေရဲ့ ရာထူးက နုတ်ထွက်ရေး တောင်းဆိုချက်နဲ့ လွှတ်တော်တွင်း အယုံအကြည် မရှိကြောင်း မဲခွဲဆုံးဖြတ်ရေးကို ရင်ဆိုင်နေရ ပါတယ်။
အဲဒီနောက်မှာ ဒိန်းမတ်အစိုးရက နိုင်ငံတဝှမ်းရှိ မြွေပါကောင်ရေ အားလုံးကို သုတ်သင်ပစ်တာက ဥပဒေနဲ့ မညီကြောင်း ဝန်ခံခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
4 months Ago