မြွေပါမွေးစခန်း

November 7, 2020

ဒိန်းမတ်တွင် မြွေပါမွေးစခန်းများကို ပိတ်ရန် ညွှန်ကြား

ဒိန်းမတ်နိုင်ငံမှာ မြွေပါနဲ့ ဆက်နွယ်တဲ့  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တွေ့ခဲ့ပြီးနောက် အီတလီတိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့လက်ဗ်က နိုင်ငံအတွင်းရှိ မြွေပါမွေးမြူရေးခြံတွေကို  ၂၀၂၁ က စလို့ ပိတ်သိမ်းဖို့နဲ့ လက်ရှိမှာ မြွေပါခြံတွေကို စစ်ဆေးမှုတွေလုပ်ဖို  ကျန်းမာရေးဝန်ကြီးဌာနထံ နိုဝင်ဘာ ၆ ရက်မှာ ပန်ကြားလွှာ တင်သွင်းခဲ့ပါတယ်။  ဒိန်းမတ်မှာတော့ ခြံက မြွေပါအကုန်လုံးကို သုတ်သင်ပစ်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း မြွေပါမွေးမြူရေးခြံတွေ ရှိတဲ့နိုင်ငံတွေက ဇီဝ လုံခြုံမှုကို စောင့်ကြည့်နေပြီး တိရစ္ဆာန်နဲ့လူအကြား ရောဂါကူးစက်မှုဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။  အီတလီမှာ မြွေပါမွေးမြူရေးခြံ ၈ ခုရှိပြီး စုစုပေါင်းမြွေပါကောင်ရေ ခြောက်သောင်းခန့်ရှိ တယ်လို့ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ လက်ဗ်က ဆိုပါတယ်။  ဒါပေမဲ့ အဲဒီထဲက မြွေပါခြံ တစ်ခုသာ မြွေပါတွေကို ရောဂါ ရှိ၊မရှိ စစ်ဆေးမှု လုပ်ထားတယ်လို့ လက်ဗ်က ဆိုပါတယ်။ 
2 years Ago
Up