မြွေဆိပ်ဖြေဆေး

September 18, 2021

မကွေးတိုင်း ကျန်းမာရေးဌာနတွင် မြွေဆိပ်ဖြေဆေး ပြတ်လပ်

မကွေးတိုင်း ကျန်းမာရေးဌာနမှာ မြွေဆိပ်ဖြေဆေး ပြတ်လပ်နေတယ်လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

အခုလို မိုးရာသီဟာ တောင်သူတွေအတွက် မြွေအန္တရာယ်အရှိဆုံး ကာလဖြစ်ပြီး မြွေဆိပ်ဖြေဆေး ပြတ်လပ်တာက တောင်သူတွေအတွက် အတော်ဆိုးဝါးပါတယ်လို့ အဲဒီ ဝန်ထမ်းက ဆိုပါတယ်။ 

မကွေးတိုင်း ဆေးရုံကြီးမှာ မြွေဆိပ်ဖြေဆေး အလုံး ၄၀ ပဲ ရှိပြီး မြို့နယ်ဆေးရုံတချို့မှာတော့ လုံးဝ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ 

လူနာတစ်ယောက်ကို ကိုယ်အလေးချိန်ပေါ် မူတည်ပြီး မြွေဆိပ်ဖြေဆေး ၁၅ လုံးကနေ အလုံး ၃၀ လောက်အထိ လိုအပ်တယ်လို့လည်း ဝန်ထမ်းက ပြောပါတယ်။ 

မြွေအန္တရာယ်အရှိဆုံး ရာသီတွေကတော့ ဧပြီကနေ ဇွန်လအထိဖြစ်ပြီး မကွေးတိုင်း နဲ့ မန္တလေးတိုင်းတို့မှာတော့ အောက်တိုဘာလောက်အထိ အဖြစ်များတာပါ။ 

၂၀၁၉ ခုနှစ် စစ်တမ်းတွေအရ လူဦးရေ ၁ သိန်းမှာ ၁၅၀၀၀ နှုန်းဖြစ်ပွားပြီး ၁၀ ရာခိုင်နှုန်းက သေဆုံးတယ်လို့ သိရပါတယ်။

1 month Ago
Up