မြောင်းမြရဲစခန်း အချုပ်ခန်း

November 12, 2020

မြောင်းမြရဲစခန်း အချုပ်ခန်းတွင် အမျိုးသား ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် မြို့မရဲစခန်းက အချုပ်သား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တယ်လို့ မြောင်းမြပြည်သူ့ဆေးရုံ ကြီးက သိရပါတယ်။ "ပိုးတွေ့လူနာ ၁ ဦးထပ်တွေ့ပါတယ်။ ရဲစခန်း အချုပ်ခန်းမှာတွေ့တာ၊ ကျန်တဲ့ ထိတွေ့လူတွေကို ဆက်လက်စစ်ဆေးသွားမှာပါ" လို့ မြောင်းမြပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ပြောပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အချုပ်သားဟာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးခံထားရသူဖြစ်ပြီး သူ့ကို ဆေးရုံရဲ့သီးသန့်ဆောင်မှာထားရှိပြီး ဆေးကုသတာတွေ လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။ မအူပင်မြို့နယ် ရဲစခန်းမှာလည်း နိုဝင်ဘာ ၂ ရက်နေ့ကလည်း အချုပ်သား ၁ ဦး ရောဂါကူးစက်ခံထားရလို့ ဆေးကုသတာတွေ ပြုလုပ်ပေးနေရပါတယ်။ ဧရာဝတီတိုင်းမှာ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆၅၀ ရှိပြီး ကျန်းမာရေးကောင်မွန်ပြီး ဆေးရုံဆင်းခွင့်ရသူ ၁၀၉၁ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓါတ်ပုံ - ဘိုဘို (မြောင်းမြ)
2 years Ago
Up