မြောင်းမြမြို့

A d v e r t i s e m e n t With Us

February 16, 2021

မြောင်းမြတွင် ပြည်သူလူထုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရာဘာကျည်များဖြင့် ပစ်ခတ်

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ CDM လုပ်ဆောင်နေတဲ့ ကျောင်းအုပ်ဆရာတစ်ဦး ဖမ်းဆီးခံရတဲ့အတွက် ပြန်လွှတ်ပေးဖို့ ပြည်သူလူထုက  ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဆန္ဒထုတ်ဖော်တောင်းဆိုရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

ဒီမနက်ဆန္ဒထုတ်ဖော်ပြီးတော့ ပြန်လာခဲ့တဲ့ ထော်ကလို့ကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးထက်ဝေယံကျော်ကို ရဲတပ်ဖွဲ့က လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ဖမ်းဆီးရာကတဆင့် ပညာရေးဝန်ထမ်းတွေနဲ့ ပြည်တွေက  ဦးထက်ဝေယံအောင်ကို ပြန်လွှတ်ပေးရေးအတွက် အကျဉ်းထောင်ရှေ့မှာ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ အသိပေးပြီးနောက်မှာ မီးသတ်ပိုက်တွေနဲ့ ထိုး၊  ရာဘာကျည်တွေနဲ့ အချက် ၃၀ လောက်  ပစ်ခတ်တာ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ဖောက် လူစုခွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၃ ယောက်ထက် မနည်း ရာဘာကျည်မှန် ဒဏ်ရာရတာ ကြောင့် ထူးဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရပါတယ်။

ပညာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေကတော့ မြောင်းမြအကျဉ်းထောင်ရှေ့မှာ ဆက်လက်ဆန္ဒထုတ်ဖော်နေကြပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကတော့ အကျဉ်းထောင်သို့ သွားရာလမ်းတွေကို ပိတ်ဆို့ လုံခြုံရေးချထားပါတယ်။

2 weeks Ago

November 6, 2020

မြောင်းမြမြို့၌ ကြိုတင်မဲပေးရာ ၂၀၁၅ ရွေး​ကောက်​ပွဲ မဲလက်မှတ်​ဟောင်းများ ပါဝင်လာ

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက် မဲရုံမှာ ကြိုတင်မဲပေးရာ ၂၀၁၅ ခုနှစ် အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲတုန်းက  မဲလက်မှတ်အ​ဟောင်း ၁၂ ခုကို ​တွေ့ရှိခဲ့ပါတယ်။ အမှတ် ၂ ရပ်ကွက်မဲရုံမှာ နို၀င်ဘာလ ၅ ရက်က ကြိုတင်မဲပေးသူ အမျိုးသမီး ၂ ဦး ဆန္ဒမဲပေးချိန်မှာ ဆန္ဒမဲလက်မှတ်ထည့်တဲ့ စာအိတ်အတွင်းကနေ ၂၀၁၅ ခုနှစ်​ရွေး​ကောက်​ပွဲက အသုံးပြုခဲ့တဲ့မဲလက်မှတ်တွေကို ​စတင်​​တွေ့ရှိခဲ့​တာဖြစ်တယ်လို့ ရပ်​ကွက်​​ရွေး​ကောက်​ပွဲ​ ​ကော်​မရှင်​အဖွဲ့ခွဲထံက သိရပါတယ်။ ​မြောင်းမြမြို့ ၊ အမှတ် ၂ ရပ်ကွက် ရွေး​ကောက်​ပွဲ​ ​ကော်​မရှင်​အဖွဲ့ခွဲ တာ၀န်ရှိသူတစ်ဦးက "မဲလက်မှတ်ထည့်တဲ့ စာအိတ်တွေထဲမှာ ပါလာတာ မဲရုံက အလွဲအမှား မဟုတ်ဘူး။ သက်ဆိုင်ရာက တံဆိပ်တုံးတွေလည်း မဲလက်မှတ် အဟောင်းမှာ ပါနေတာတွေ့ရတယ်"လို့ ပြောပါတယ်။ မဲလက်​မှတ်​ အ​ဟောင်းတွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မဲလက်မှတ် ၈ ခု၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်မဲလက်မှတ် ၃ ခုနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မဲလက်မှတ် ၁ ခုတို့ကို ​တွေ့ရှိခဲ့ တာဖြစ်ပါတယ်။ ရပ်ကွက်​ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတာ၀န်ရှိသူတွေက မြောင်းမြမြို့နယ် ​ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ကို အကြောင်းကြားခဲ့​ပြီး မြို့နယ်ကော်မရှင်က အဆိုပါ မဲလက်မှတ်တွေကို လာရောက်သိမ်းဆည်းခဲ့တယ်လို့ အမှတ် ၂ ရပ်ကွက်ရွေး​ကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးရဲသူအောင်က ပြောသည်။ မြောင်းမြမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၂၁၀,၀၀၀  ကျော်ရှိပြီး မဲလက်မှတ် အဟောင်းတွေ့ရှိခဲ့တဲ့ မဲရုံမှာတော့  မဲပေးခွင့်ရှိသူ ၁,၆၅၃ ဦးရှိတယ်လို့ သိရပါတယ်။ သတင်း-မင်းထက်မုန်း  ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)
4 months Ago
More News
Up