မြောင်းမြပြည်သူ့ကာကွယ်ရေးအဖွဲ့

May 22, 2021

ပျူစောထီးအဖွဲ့များကို မြောင်းမြပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေး

မြောင်းမြမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မြောင်းမြမြို့ရှိ ပျူစောထီးအဖွဲ့တွေကို မေ ၂၂ ရက်နေ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မြောင်းမြမြို့မှာ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ အမျိုးသားရေးသမားတွေ၊ အုပ်ချုပ်‌ရေးမှူးဟောင်း တွေနဲ့ စစ်မှုထမ်းဟောင်းတွေပါဝင်တဲ့ ပျူစောထီးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရှိရပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

“ပြည်သူတွေအပေါ် အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ သင်တို့လုပ်ဆောင်ချက်တွေကို ရပ်တန့်ဖို့အတွက် MPDFက ပြင်းထန်စွာ သတိပေးလိုက်ပါတယ်” လို့ ထုတ်ပြန်သတိပေးထားပါတယ်။

“ပျူစောထီးအဖွဲ့ဝင်တွေအနေနဲ့ ရပ်တန့်ခြင်းမရှိပါက သင်တို့အမည်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး သင်တို့မိသားစုဝင်များရဲ့ လုံခြုံရေးနှင့်အိုးအိမ်စည်းစိမ်ကို လုံးဝ(လုံးဝ) အာမခံပေးမည်မဟုတ်ကြောင်း ပြင်းထန်စွာ သတိပေးလိုက်တယ်” လို့ ဆိုပါတယ်။

မြောင်းမြမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေ ၁၂ ရက်က ပြည်သူတွေကို အကြမ်း ဖက်ရန်မှ ကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာပါ။

ပုသိမ်မြို့တွင် ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့တွေက ပြည်သူတွေကို  စာတွေနဲ့ ခြိမ်းခြောက်တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ မေ ၂၂ ရက်အထိ မြောင်းမြ၊ ဖျာပုံတို့မှာ တစ်ကြိမ်စီနဲ့ ပုသိမ်မြို့မှာ ၂ ကြိမ် စုစုပေါင်း ၄ ကြိမ် ဗုံးပေါက်ခဲ့ပါတယ်။

7 months Ago
Up