မြောင်းမြဆေးရုံ

A d v e r t i s e m e n t With Us

May 4, 2020

လပွတ္တာမြို့က လူငယ် ၁ ဦးကို ဆေးစစ်မှုခံယူရန် မြောင်းမြဆေးရုံပို့

လူနာအမှတ် ၁၅၀ တည်းခိုခဲ့တဲ့အခန်းမှာ ရှေ့ဆင့်နောက်ဆင့်တည်းခိုခဲ့တဲ့ လပွတ္တာမြို့နေ အသက် ၂ဝ ဝန်းကျင် လူငယ်အမျိုးသားတစ်ဦးကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မြောင်းမြဆေးရုံကို မေလ ၃ ရက်နေ့က ဆေးစစ်မှုခံယူဖို့  ပို့ဆောင်ခဲ့ပါတယ်။ အဲ့ဒီလူငယ်ဟာ လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းအုပ်စု၊ ကလားဘိုကျေးရွာနေ အသက် ၂ဝ အရွယ် လူငယ်တဦးဖြစ်ပြီး မန္တလေးမြို့က ရွှေမြင့်မိုရ်တည်းခိုခန်းမှာ လူနာအမှတ် ၁၅ဝ တည်းခိုခဲ့တဲ့ အခန်းမှာ ရှေ့ဆင့်နောက်ဆင့် တည်းခိုခဲ့တာပါ။ အဲ့ဒါကြောင့် လူနာအှတ် ၁၅ဝ နဲ့ ဆက်စပ်ခဲ့တွေကို လိုက်လံရှာဖွေခဲ့ရာ သတင်းအရ လပွတ္တာမြို့နဲ့ မြောင်းမြမြို့က လူမှုကူညီရေးပရဟိတအဖွဲတွေ ပူးပေါင်းပြီး အဲ့ဒီလူငယ်ကို ရွာကနေ သွားရောက်ခေါ်ဆောင်ကာ မြောင်းမြဆေးရုံမှာ ဆေးစစ်မှုခံယူဖို့ ပို့ဆောင်ခဲ့တာပါ။ "လူနာအမှတ် ၁၅ဝ တည်းခဲ့တဲ့ တည်းခိုခန်းမှာ ဒီကောင်လေးက အခန်းတစ်ခန်းကိုပဲ ရှေ့ဆင့်နောက်ဆင့် တည်းခဲ့တယ်။ အဲဒီသတင်းအရ ကျနော်တို့ အဲဒီ ကောင်လေးနေတဲ့ရွာကို အုပ်ချုပ်ရေးဌာနနဲ့ ပူးပေါင်းလိုက်ရှာခဲ့တယ်။ ရှာတွေ့ခဲ့တော့ ကောင်လေးကို မေးရာမှာလည်း သူက မန္တလေးက ပြန်လာတယ်ဆိုတာ ပြောပါတယ်။ အဲဒါနဲ့ မြောင်းမြဆေးရုံကို ဆေးစစ်ဖို့ ပို့ဆောင်ပေးခဲ့ပါတယ်" လို့ လပွတ္တာမြို့မှ အဖြူရောင်ဧရာဝတီ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ကိုခင်မောင်ဝင်းကပြောပါတယ်။ လူနာအမှတ် ၁၅ဝ ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့မှ အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး COVID - 19 လူနာနဲ့ တွေ့မှုမရှိခဲ့ဘဲ ပြည်ပကို ခရီးသွား ရာဇဝင်ရှိသူဖြစ်ပြီး ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။
9 months Ago

March 26, 2020

ကမ္ဘောဒီးယားကပြန်လာသူ ၄ ရက်ဆက်တိုက်ဖျားနေသဖြင့် မြောင်းမြဆေးရုံတွင်စောင့်ကြည့်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ကမ္ဘောဒီးယားနိုင်ငံကပြန်လာတဲ့  ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူလူနာ အမျိုးသားတစ်ဦးက ကိုယ်တိုင်ဆေးရုံကို လာရောက်ပြသတဲ့အတွက် သံသယလူနာအဖြစ် စောင့်ကြည့်နေတယ်လို့ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ “သူက ၂၃ ရက်နေ့က ပြန်လာတာ။ ဖျားနာတာလို့ ဆေးရုံလာပြတာ။ ခုတော့ စောင့်ကြည့်တာတွေ ပြုလုပ်ထားပြီး ဓာတ်ခွဲအတည်ပြုဖို့ သက်ဆိုင်ရာဌာနတွေကို ပို့ထားပါပြီ” လို့ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ဒီဗွီဘီကို ပြောပါတယ်။ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားဟာ ကမ္ဘောဒီးယားနိုင်ငံကနေ ခုလ ၂၃ ရက်နေ့ကပြန်လာပြီး ဖျားနာတာ ၄ ရက် ဆက်တိုက်ဖြစ်လာလို့ ဆေးရုံကိုလာပြတာဖြစ်ပါတယ်။ သံသယလူနာဟာ ဖျားနားပြီး ကိုယ်ပူတာကလွဲလို့ လည်ချောင်းနာတာမျိုးတော့မရှိဘူးလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ မြောင်းမြခရိုင်ဆေးရုံကြီးကို အဆိုပါသံသယလူနာလာပြချိန်မှာ ဆေးရုံဝန်ထမ်းတွေက အကာအကွယ်အပြည့်အစုံ မဝတ်ထားမိတဲ့အတွက် ဆေးရုံဝန်ထမ်း ၃ ဦးကိုလည်း သီးသန့်ခွဲထားရပါတယ်။ လောလောဆယ် လူနာက ဒီရောဂါဖြစ်တတ်တဲ့နိုင်ငံတွေက ပြန်လာတာဖြစ်တဲ့အတွက် လိုအပ်တဲ့ကုသမှုတွေပေးထားပြီး စောင့်ကြည့်တဲ့အနေအထားဖြစ်တယ်လို့  မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောပါတယ်။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေ့ရှိတာ ပထမဆုံးဖြစ်ပြီး လက်ရှိအချိန်မှာ လူနာကို သီးသန့်အဆောင်မှာထားပြီး စောင့်ကြည့်နေတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဒီကနေ့အထိ COVID-19 ဗိုင်းရပ်စ်ရောဂါ အတည်ပြုလူနာ ၉၆ ဦး ရှိနေပြီး သေဆုံးသူတော့ မရှိသေးပါဘူး။ သတင်း- မင်းထက်မုန်း (ပုသိမ်)
10 months Ago
Up