မြောင်မြို့နယ် အုပ်ချုပ်ရေးမှူး

May 19, 2021

မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင် ၂ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ မိသားစုဝင် ၂ဦး မေ ၁၈ ရက်နေ့က အသတ်ခံရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

“မနေ့  ညပိုင်း ၈ နာရီကျော်လောက်ဖြစ်တယ်။ ဗုံးသံတွေကြားရတယ် ရွှေပေါက်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ပါ။ သူ့သမီးရယ် သူ့မြေးရယ် သုံးယောက် အသတ်ခံလိုက်ရတယ်။ ကျန် နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဟာ အကြမ်းဖက်စစ်ကောင်စီ ခန့်အပ်ထားခြင်း ခံရသူဖြစ်ပါတယ်။

7 months Ago
Up