မြောက်အိုင်ယာလန်

January 3, 2021

ဗြိတိန်နှင့် မြောက်အိုင်ယာလန်က လာသူများကို မြန်မာနိုင်ငံဝင်ခွင့် တားမြစ်

ဗြိတိန်နဲ့ မြောက်အိုင်ယာလန်မှာ နေထိုင်သူတွေနဲ့ အဲဒီကိုသွားထားတဲ့ ခရီးသွားတွေကို မြန်မာနိုင်ငံကို လာရောက်ခွင့်မပြုဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တားမြစ်မိန့် ထုတ်ပြန်ပါတယ်။ SARs-CoV-2 ဗိုင်းရပ်စ် မျိုးကွဲအသစ်ကို ဗြိတိန်နဲ့ မြောက်အိုင်ယာလန် ကျန်းမာရေးတာဝန်ရှိသူတွေ တွေ့ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၂၁ ရက်မှာ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ ဒီဗိုင်းရပ်စ်သစ်က လူအများအပြားကို ကူးစက်နိုင်ပြီး မြန်မာအစိုးရအနေနဲ့ ဒီအန္တရာယ်ကနေ ကာကွယ်ဖို့၊ ဗိုင်းရပ်စ်မျိုးကွဲသစ် ပျံ့နှံ့လာနိုင်တာကို ထိန်းချုပ်ကန့်သတ်ဖို့ တာဝန်ရှိတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။ ဒါကြောင့် ဗြိတိန်နဲ့ မြောက်အိုင်ယာလန်မှာ နေထိုင်သူတွေ၊ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း အဲဒီကို သွားရောက်ခဲ့သူတွေကို မြန်မာနိုင်ငံကို လာရောက်ခွင့် တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီ ယာယီတားမြစ်ချက်ဟာ ဒီဇင်ဘာ ၃၁ ရက်က စတင်တယ်လို့လည်း ဆိုပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ အခြေအနေနဲ့ အထူးသဖြင့် ဗီဇကွဲ ဗိုင်းရပ်စ်သစ်ရဲ့ ကူးစက်ပျံ့နှံ့ပုံကို အမြဲစောင့်ကြည့်နေပြီး လိုအပ်ရင် နောက်ထပ် ကြေညာချက်တွေ ထုတ်ပြန်ကန့်သတ်ဦးမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆီကို နိုင်ငံတကာ လေကြောင်းလိုင်းတွေ ဆင်းသက်ခွင့်ကို ဇန်နဝါရီ ၃၁ ရက်အထိ ပိတ်ပင်ထားတယ်လို့လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာထားပါတယ်။
4 months Ago

February 13, 2020

မြောက်အိုင်ယာလန်တွင် ပထမဆုံးလိင်တူလက်ထပ်ပွဲကျင်းပ 

မြောက်အိုင်ယာလန်မှာ လိင်တူထိမ်းမြားခြင်းတားမြစ်ချက်ကို အစိုးရက ရုပ်သိမ်းလိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်က ပထမဆုံး လိင်တူ ထိမ်းမြားမင်္ဂလာပွဲကို ကျင်းပပါတယ်။  အသက် ၂၆ နှစ်အရွယ်  ကျန်းမာရေးဝန်ထမ်း ရော်ဘင်ပီးပဲစ်နဲ့ အသက် ၂၇ နှစ်အရွယ်  စားပွဲထိုး ရှာနီအက်ဒ်ဝပ်တို့ဟာ မြောက်အိုင်ယာလန်ရဲ့ ပထမဆုံး လိင်တူထိမ်းမြားစုံတွဲ ဖြစ်လာပါတယ်။  စုံတွဲသက်တမ်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကယ်ရစ်ဖားဂတ်စ်မြို့မှာ သူတိုနှစ်ဦး လက်ထပ်မင်္ဂလာ ကတိသစ္စာပြုခဲ့ပါတယ်။  ပထမတော့ သူတို့နှစ်ဦး  တရားဝင်စုံတွဲအဖြစ်နေထိုင်ဖို့ စီစဉ်ထားပေမယ့် ဥပဒေ အပြောင်း အလဲဖြစ်ပြီးနောက်မှာ လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။  အရီယန်နာ -ဂရန်ဒေးလ် ဖြော်ဖြေပွဲကို သွားကြည့်တဲ့ ပဲရစ်မြို့ခရီးမှာ သူတို့နှစ်ဦး စေ့စပ်ခဲ့ပြီး  Mrs and Mrs အက်ဒ်ဝပ်-ပီးပဲစ် နာမည်နဲ့ နေထိုင်သွားမယ်လို့ သူတို့က ပြောပါတယ်။ 
1 year Ago
Up