မြောက်ပိုင်း ၄ ဖွဲ့

January 9, 2021

အစိုးရက မြောက်ပိုင်း ၄ ဖွဲ့ကို ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ပေးပို့ထား

မြောက်ပိုင်းမဟာမိတ် AA၊ TNLA၊ MNDAA၊ KIA အဖွဲ့တို့နဲ့ ဇန်နဝါရီလထဲမှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းထားပြီး ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် မူကြမ်း ပေးပို့ထားတယ်လို့  ဇန်နဝါရီ ၈ ရက်နေ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ကူမင်းမှာ နောက်ဆုံးတွေ့ပြီး အလွတ်သဘောဆွေးနွေးခဲ့တာမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့ပေမယ့် ပြန်လည်ဆွေးနွေးမှုအရ ရှေ့ဆက်သွားမယ့် အဆင့်သုံးဆင့်ပါ လုပ်ငန်းစဉ်အပေါ်မှာတော့ နှစ်ဦးနှစ်ဖက် စာနဲ့ကတိကဝတ်တွေ ရထားပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ရထားပြီဖြစ်တဲ့အတွက် ခုဒီသုံးဖွဲ့နဲ့ ဒီဇန်နဝါရီလထဲမှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အစိုးရဘက်က ကမ်းလှမ်းထားပါတယ်။ သုံးဖွဲ့အပြင် KIA ပါရင် လေးဖွဲ့ပေါ့။ လေးဖွဲ့နဲ့ အဆင့်သုံးဆင့်နဲ့ သွားမှာဖြစ်ပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

အလားတူ မြောက်ပိုင်းလေးဖွဲ့ကိုလည်း ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် သဘောတူညီချက်မူကြမ်း ပေးပို့ထားပြီး အစိုးရဘက်က တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

“ပို့ထားတဲ့အပေါ်မှာ ဒီမြောက်ပိုင်းလေးဖွဲ့ရဲ့ သဘောထားကို မြန်မြန်ဆန်ဆန် ပြန်ပို့မယ်၊ ပြီးရင် တွေ့ဆုံပြီး ဆွေးနွေးမယ်။ ဆွေးနွေးတာကိုတော့ မြစ်ကြီးနား သို့မဟုတ် ကျိုင်းတုံဆိုပြီး ကမ်းလှမ်းထားတာဖြစ်ပါတယ်။ အစိုးရအနေနဲ့ မြောက်ပိုင်းလေး ဖွဲ့နဲ့ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီ မြောက်ပိုင်းလေးဖွဲ့ဘက်က တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေတဲ့သဘောဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒ့ါအပြင် KNPP နဲ့ အွန်လိုင်းကနေ Bilateral ကိစ္စဆွေးနွေးထားပြီး KNPP ဘက်က NCA မထိုးခင် ဆောင်ရွက်လိုတဲ့ အချက်တွေကို မူကြမ်းရေးပြီးရင် ဒီလထဲမှာပဲ တွေ့ဖို့လျာထားတယ်လို့လည်း ဆိုပါတယ်။

“ပြီးခဲ့တဲ့ လပိုင်းမှာ KNPP နဲ့ Bilateral အွန်လိုင်းကနေ ဆွေးနွေးပြီးပြီ။ ဆွေးနွေးတဲ့အခါမှာ NCA မထိုးခင် တဆင့်အနေနဲ့ KNPP ဘက်က ဆောင်ရွက်လိုတဲ့အချက်တွေ ကျနော်တို့ကို ပြောပြပါတယ်။ ပြောပြီးရင် သူတို့ဘက်မှ ပြန်ပြီး Draft လုပ် မယ်။ အဲ Draft ကို ကျနော်တို့ကို ပို့မယ်။ ပြီးရင် ဒီဇန်နဝါရီလထဲမှာပဲ နောက်တကြိမ်ဆွေးနွေးဖို့ လျာထားထားပါတယ်။ ဒါကတော့ လက်မှတ်မထိုးရသေးတဲ့ KNPP နဲ့ပါ” လို့ ဦးဇော်ဌေးက ပြောပါတယ်။

လာမယ့် အစိုးရသစ်အနေနဲ့ လုပ်ငန်းစဉ်သုံးခုနဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အစိုးရအဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နဲ့  ရက္ခိုင့်တပ်တော် (AA) တို့ကြားမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ကူမင်းမြို့မှာ အလွတ်သဘောဆွေးနွေးခဲ့ပြီးနောက် ကိုဗစ်-၁၉ အခြေအနေကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့ရပါတယ်။
9 months Ago

September 17, 2019

တိုက်ပွဲဖြစ်နေသည့် မြောက်ပိုင်း ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေး

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့၊  ငြိမ်းချမ်းရေးကော်မရှင်နဲ့ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့တို့  စက်တင်ဘာ ၁၇ ရက် မနက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့   အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အတွက် ငြိမ်းချမ်းရေး ကော်မရှင် NRPC နဲ့ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့တို့ဟာ မနေ့ကတည်းက  ကျိုင်းတုံမြို့ကို ရောက်ရှိနေတာပါ။ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဦးသိန်းဇော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)တို့ ဦးဆောင် တက်ရောက်လာပြီး တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပါတယ်။  တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ အခုတကြိမ်မှ ဆွေးနွေးပွဲကို တက်ရောက်တာပါ။ ဒီဆွေးနွေးပွဲကို KIA၊ TNLA၊ MNDAA၊ AA အဖွဲ့တွေက ထိပ်ပိုင်းခေါင်းဆောင် တချို့လည်း  တက်ရောက်ခဲ့ပါတယ်။ လက်ရှိမှာ တပ်မတော်ဘက်ကကော မြောက်ပိုင်းအဖွဲ့တွေဘက်ကပါ အပစ်ရပ်ကာလ သတ်မှတ်ထားပေမဲ့ မြေပြင်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထောင်သောင်းချီတဲ့ အရပ်သားပြည်သူတွေ စစ်ဘေးရှောင်နေရပါ။ ဒီဆွေးနွေးပွဲ မအောင်မြင်ရင် တိုင်းပြည်အတွက် စိုးရိမ်စရာရှိတယ်လို့ အစိုးရဘက်က တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။ ~~~~~~~~~~~~~~~~~~~ Zawgyi_version တိုက္ပြဲျဖစ္ေနသည့္ ေျမာက္ပိုင္း ၄ ဖြဲ႕ႏွင့္ ၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ က်ိဳင္းတုံတြင္ ေတြ႕ဆုံေဆြးေႏြး ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ ၄ ဖြဲ႕၊  ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕တို႔  စက္တင္ဘာ ၁၇ ရက္ မနက္က ရွမ္းျပည္နယ္ က်ိဳင္းတုံၿမိဳ႕မွာ ၿငိမ္းခ်မ္းေရးကိစၥ ေတြ႕ဆုံေဆြးေႏြးေနၾကပါတယ္။ လက္ရွိ တိုက္ပြဲေတြ ျဖစ္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔   အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးဖို႔အတြက္ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ NRPC နဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕တို႔ဟာ မေန႔ကတည္းက  က်ိဳင္းတုံၿမိဳ႕ကို ေရာက္ရွိေနတာပါ။ ၿငိမ္းခ်မ္းေရးေကာ္မရွင္ဘက္က ဦးသိန္းေဇာ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(အၿငိမ္းစား)တို႔ ဦးေဆာင္ တက္ေရာက္လာၿပီး တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕ကိုေတာ့ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ပါတယ္။ တပ္မေတာ္သား ကိုယ္စားလွယ္ေတြအေနနဲ႔ အခုတႀကိမ္မွ ေဆြးေႏြးပြဲကို တက္ေရာက္တာပါ။ ဒီေဆြးေႏြးပြဲကို KIA၊ TNLA၊ MNDAA၊ AA အဖြဲ႕ေတြက ထိပ္ပိုင္းေခါင္းေဆာင္ တခ်ိဳ႕လည္း  တက္ေရာက္ခဲ့ပါတယ္။ လက္ရွိမွာ တပ္မေတာ္ဘက္ကေကာ ေျမာက္ပိုင္းအဖြဲ႕ေတြဘက္ကပါ အပစ္ရပ္ကာလ သတ္မွတ္ထားေပမဲ့ ေျမျပင္မွာေတာ့ တိုက္ပြဲေတြ ျဖစ္ပြားေနၿပီး ေထာင္ေသာင္းခ်ီတဲ့ အရပ္သားျပည္သူေတြ စစ္ေဘးေရွာင္ေနရပါ။ ဒီေဆြးေႏြးပြဲ မေအာင္ျမင္ရင္ တိုင္းျပည္အတြက္ စိုးရိမ္စရာရွိတယ္လို႔ အစိုးရဘက္က တရားဝင္ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
2 years Ago
Up