မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့

January 30, 2021

မြောက်ပိုင်း ၄ ဖွဲ့နှင့် တပ်မတော် ပဏာမအပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုတော့မည်

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့တပ်မတော်တို့ ပဏာမအပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုတော့မယ်လို့ ငြိမ်းချမ်းရေးကော်မရှင်က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ရခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တပ်မတော် ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဒီဇင်ဘာ ၃၀ ရက်နေ့က အွန်လိုင်းကနေတဆင့် တွေ့ဆုံခဲ့ပြီးနောက်မှာ အခုလို မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ တပ်တော်တို့ ပဏာမအပစ်ရပ်လက်မှတ် ထိုးဖို့သဘောတူညီချက်ရလာတာပါ။ 

 လက်မှတ်ထိုးနိုင်ဖို့နဲ့  ဖေဖော်ဝါရီလ ၄ ရက် မတိုင်ခင်မှာတွေ့နိုင်ဖို့ နှစ်ဖက်ကြိုးစားနေပြီး လောလောဆယ်မှာတော့ အချိန်နဲ့နေရာညှိနေတုန်းပဲလို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နဲ့  ရက္ခိုင့်တပ်တော် (AA) တို့ဟာ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး နောက်မှာ NCA လမ်းကြောင်းအတိုင်း ဆက်သွားမလား၊ Bilateral လမ်းကြောင်းနဲ့ဆက်သွားမလား ဆိုတာကတော့ ဆွေးနွေးရဦးမယ်လို့ အပစ်ရပ်အဖွဲ့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်လက်မှတ်ထိုးတာကို ကြိုဆိုပေမယ့် လက်တွေ့မြေပြင်မှာတော့ တိုက်ပွဲတချို့ ဖြစ်နေဆဲဖြစ်ပြီး အပစ်ရပ်လက်မှတ်ထိုးပြီးပါက အမှန်တကယ် အပစ်ရပ်စေချင်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်တာဝန်ရှိသူ ဒေါ်ခွန်ဂျာက ပြောပါတယ်။ 

မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အဆင်မပြေလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် လူထုစောင့်ကြည့်မှုအောက်မှာ အဆင်ပြေဖို့ မျှော်လင့်တယ်လို့ အပစ်ရပ်ထားတဲ့အဖွဲ့တွေက သုံးသပ်ပါတယ်။

အထူးသဖြင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ သေနတ်သံတွေ ငြိမ်သက်သွားတဲ့အတွက် မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးမူတွေဟာ အဆင်ပြေဖို့ အလားအလာ အများကြီးဖြစ်လာတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ရပ်ဆိုင်းမယ့် ထုတ်ပြန်ချက်မှာ  ရခိုင်ပြည်နယ် ပါဝင်လာတာကလည်း ထူးခြားမှုဖြစ်ခဲ့ပါတယ်။

5 months Ago

September 12, 2019

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံဆွေးနွေးပွဲတက်မည်

အစိုးရငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားတာကို မြောက်ပိုင်းအမဟာမိတ်အဖွဲ့တွေက လက်ခံလိုက်ပြီး တွေ့ဆုံဖို့ သဘောတူလိုက်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်က ပြောပါတယ်။  “ဟုတ်ကဲ့တက်မယ်ဆိုတဲ့သဘော။ ၁၆ - ၁၇ ဖြစ်မယ်။ ကျနော်တို့အဖွဲ့လည်း မနက်ဖြန်တဘက်ခါဆိုရင်သွားရတော့မယ်။ ကေအိုင်အေဘက်ကတော့ သူတို့ တပ်ဘက်အရပ်ဘက် အကုန်အစုံလာမယ်လို့တော့သိတယ်။” ဒီဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်က ဘယ်သူတွေတက်မယ်ဆိုတာကိုတော့ အတိအကျမသိရသေးကြောင်းနဲ့ ဆွေးနွေးပွဲမှာ တပ်မတော် ကိုယ်စားလှယ်တွေ ပါဝင်လာမယ်လို့ သိရကြောင်းလည်း ပြောပါတယ်။  အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့  ရှမ်းပြည်နယ် ကျိုင်းတုံမြို့ကိုဆိုပြုပြီး စက်တင်ဘာလ ၉ ရက်နေ့က ဖိတ်ကြားခဲ့ပါတယ်။ ဒါ့အပြင် ခရီးစဉ်အရ မိုင်းလား-ကျိုင်းတုံ ယာဉ်တန်းလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အပြည့်အ၀ တာဝန်ယူကြောင်း ဖိတ်ကြားစာမှာ ရေးသားခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဩဂုတ်လ ၃၁ ရက်နေ့တုန်းက ကျိုင်းတုံမြို့မှာ တွေ့ဆုံအပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေးအတွက် တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပြီးတဲ့နောက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) နဲ့ပတ်သက်ပြီးတော့ ဆက်လက် ညှိနှိုင်းသွားဖို့လည်း သဘောတူခဲ့ကြသလို နိုင်ငံထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆန္ဒ အပြည့်အဝနဲ့ နှစ်ဖက်စလုံးက ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပူးပေါင်းထုတ်ပြန်ထားပါတယ်။ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရခိုင့်တပ်မတော် (AA) အဖွဲ့တို့ ပါဝင်ပါတယ်။ ======================================== ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ က်ိဳင္းတုံေဆြးေႏြးပြဲတက္မည္ DVB အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္က ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ၄ ဖြဲ႕ကို ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးဖို႔ ဖိတ္ၾကားထားတာကို ေျမာက္ပိုင္းအမဟာမိတ္အဖြဲ႕ေတြက လက္ခံလိုက္ၿပီး ေတြ႕ဆုံဖို႔ သေဘာတူလိုက္တယ္လို႔ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္ ဦးဆန္ေအာင္က ေျပာပါတယ္။ “ဟုတ္ကဲ့တက္မယ္ဆိုတဲ့သေဘာ။ ၁၆ - ၁၇ ျဖစ္မယ္။ က်ေနာ္တို႔အဖြဲ႕လည္း မနက္ျဖန္တဘက္ခါဆိုရင္သြားရေတာ့မယ္။ ေကအိုင္ေအဘက္ကေတာ့ သူတို႔ တပ္ဘက္အရပ္ဘက္ အကုန္အစုံလာမယ္လို႔ေတာ့သိတယ္။” ဒီေဆြးေႏြးပြဲကို ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ဘက္က ဘယ္သူေတြတက္မယ္ဆိုတာကိုေတာ့ အတိအက်မသိရေသးေၾကာင္းနဲ႔ ေဆြးေႏြးပြဲမွာ တပ္မေတာ္ ကိုယ္စားလွယ္ေတြ ပါဝင္လာမယ္လို႔ သိရေၾကာင္းလည္း ေျပာပါတယ္။ အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ၄ ဖြဲ႕ကို ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးဖို႔  ရွမ္းျပည္နယ္ က်ိဳင္းတုံၿမိဳ႕ကိုဆိုျပဳၿပီး စက္တင္ဘာလ ၉ ရက္ေန႔က ဖိတ္ၾကားခဲ့ပါတယ္။ ဒါ့အျပင္ ခရီးစဥ္အရ မိုင္းလား-က်ိဳင္းတုံ ယာဥ္တန္းလုံၿခဳံေရး၊ လမ္းေၾကာင္းလုံၿခဳံေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ကိစၥေတြကို အျပည့္အ၀ တာဝန္ယူေၾကာင္း ဖိတ္ၾကားစာမွာ ေရးသားခဲ့ပါတယ္။ ေျမာက္ပိုင္းမဟာမိတ္တပ္ေတြနဲ႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ဩဂုတ္လ ၃၁ ရက္ေန႔တုန္းက က်ိဳင္းတုံၿမိဳ႕မွာ ေတြ႕ဆုံအၿပီး တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ေရးအတြက္ တပ္မေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဆက္လက္ ေတြ႕ဆုံေဆြးေႏြးဖို႔ သေဘာတူခဲ့ၾကပါတယ္။ ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရး သေဘာတူ လက္မွတ္ထိုးၿပီးတဲ့ေနာက္မွာ တႏိုင္ငံလုံး ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (အန္စီေအ) နဲ႔ပတ္သက္ၿပီးေတာ့ ဆက္လက္ ညႇိႏႈိင္းသြားဖို႔လည္း သေဘာတူခဲ့ၾကသလို ႏိုင္ငံထဲမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ႏိုင္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေရးဆႏၵ အျပည့္အဝနဲ႔ ႏွစ္ဖက္စလုံးက ဆက္ၿပီး ႀကိဳးပမ္းသြားမယ္လို႔ ပူးေပါင္းထုတ္ျပန္ထားပါတယ္။ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ကေတာ့ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIO/KIA)၊ တအာင္းလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)၊ ကိုးကန႔္တပ္မေတာ္ (MNDAA) နဲ႔ ရခိုင့္တပ္မေတာ္ (AA) အဖြဲ႕တို႔ ပါဝင္ပါတယ္။
2 years Ago
More News
Up