မြောက်ပင်လယ်ရေကူးပွဲ

January 3, 2020

ရေခဲနီးပါ အေးသည့်ရေထဲဆင်းပြီး ဒတ်ချ်လူမျိုးထောင်ချီ နှစ်သစ်ကြို

နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ဇန်နဝါရီလ ၁ ရက်က ဒတ်ချ်လူမျိုး ထောင်ချီပြီး ရေခဲ တမျှအေးတဲ့ ရေထဲကို ဆင်းခဲ့ကြပါတယ်။  အစဉ်အလာတခုဖြစ်တဲ့ မြောက်ပင်လယ်ရေကူးပွဲကို ချေဗနင်ဂန်မြို့က ကမ်းခြေတခု ကျင်းပခဲ့တာပါ။  ဒီအစဉ်အလာဟာ ၁၉၆၀  ဝန်းကျင်မှာ စတင်ခဲ့ပြီး ပွဲတော်အစမှာ လူအနည်းငယ်သာ ပါဝင်ခဲ့ပါတယ်။   အခုလို နှစ်သစ်အကြိုရေကူးပွဲတွေကို အီတလီ၊ ပြင်သစ်၊ ဂျာမနီနဲ့ ဆွီဒင်နိုင်ငံတွေ မှာလည်း ကျင်းပခဲ့ပါတယ်။  အီတလီနိုင်ငံ ရောမမြို့မှာတော့ ပြိုင်ပွဲဝင် အမျိုးသားတချို့ဟာ ရေခဲတမျှအေးတဲ့ တိုက်ဘာမြစ်ထဲ  ဒိုင်ဗင်ထိုးပြီး ပါဝင်ဆင်နွှဲကြပါတယ်။ ပြင်သစ်မြောက်ပိုင်းမှာလည်း ပျော်ပွဲဆင်နွှဲသူတချို့ဟာ အေးလှတဲ့ ရေထဲဆင်းပြီး ၂၀၂၀ နှစ်သစ်ကို ကြိုဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ 
2 years Ago
Up