မြောက်ဒဂုံ

March 12, 2021

မြောက်ဒဂုံတွင် သေနတ်ထိမှန် ကျဆုံးသွားသည့် ကိုချစ်မင်းသူအတွက် ဆုတောင်းပွဲ ပြုလုပ်

ရန်ကုန် ဒဂုံမြို့သစ် (မြောက်ပိုင်း)မှာ မတ်လ ၁၁ ရက်မနက်က စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ မြောက်ဒဂုံ သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်ရာမှာ သေနတ်ကျည်ဆန်ထိမှန် ကျဆုံးသွားခဲ့ရတဲ့ ကိုချစ်မင်းသူ အတွက် ဒေသခံတွေက အခင်းဖြစ်ပွားရာနေရာမှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ 

Photo - MPA

1 month Ago

September 4, 2020

မြောက်ဒဂုံ Capital Supermarket ဝန်ထမ်းတဦး ဖျားနာသဖြင့် ဆေးရုံပို့ (ဓာတ်ပုံ)

အတည်ပြုလူနာအမှတ် ၁၀၂၄ လုပ်ကိုင်ခဲ့တဲ့ မြောက်ဒဂုံ Capital Supermarket က နောက်ထပ် ဝန်ထမ်းတဦး ဖျားနာနေတာကြောင့် ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မြောက်ဒဂုံမြို့နယ် Capital Supermarket ကို အသွားအလာ ကန့်သတ်ထားပြီး ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၁၀၂၄ နေထိုင်တဲ့ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်လိုင်းခန်းနဲ့ လမ်းအား Lockdown ပြုလုပ်ထားတယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်း မြောက်ဒဂုံ capital ကို သွားရောက်ထားသူတွေအနေနဲ့ မိမိအသိစိတ်နဲ့ သတင်းပေးပို့ကျန်းမာရေးစစ်ဆေးမှုခံယူကြဖို့နဲ့ လိုက်နာမှုမရှိပါက CCTV Record တွေ ကြည့်ရှုပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ တကျော့ပြန်ကိုဗစ်ကြောင့် လက်ရှိအချိန် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၇ ခုကို နေအိမ်အတွင်းနေထိုင်ကြဖို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ Photo - Ye Myo Khant / MPA
7 months Ago
More News
Up