မြောက်ကိုရီးယားပြော

October 27, 2019

အမေရိကန်နှင့် ဆက်ဆံရေး တိုးတက်မှုမရှိဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမှု မရှိဘူးလို့ မြောက်ကိုရီးယားအစိုးရက ပြောကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က အောက်တိုဘာ ၂၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ ဆက်ဆံရေး တိုးတက်လာဖို့ ၁ နှစ်ကြာ အချိန်သတ်မှတ်ချက်ကို အမေရိကန်အနေနဲ့ လျစ်လျူမရှုဖို့ကိုလည်း မြောက်ကိုရီးယား အစိုးရက သတိပေးလိုက်ပါတယ်။  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အမေရိကန်နဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲတွေ အခြေအနေ တိုးတက်ဖို့အတွက် အခုနှစ်ကုန်အထိ အချိန်ကန့်သတ်ထားခဲ့တာပါ။  ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ကင်ဂျုံအန်းနဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ  ပျက်သွားပြီးနောက် ဇွန်လမှာတော့ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်က စစ်ရေးကင်းမဲ့ဇုန်မှာ သူတို့နှစ်ယောက် တတိယအကြိမ် တွေ့ဆုံခဲ့ပါသေးတယ်။  ဒါပေမဲ့ လက်ရှိအချိန်ထိတော့ မြောက်ကိုရီးယား - အမေရိကန် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေဆဲပဲ ဖြစ်ပါတယ်။  
2 years Ago
Up