မြေအောက်ရထားလမ်း မီးလောင်မှု

A d v e r t i s e m e n t With Us

January 12, 2021

မက္ကဆီကိုစီးတီးတွင် မြေအောက်ရထားလမ်း မီးလောင်မှုကြောင့် ရထားပြေးဆွဲမှုများ ရပ်ဆိုင်း

မက္ကဆီကိုနိုင်ငံ မြို့တော်က မြေအောက်ရထားလမ်း မီးလောင်မှုကြောင့် ရထားပြေးဆွဲမှု အတော်များများ ရပ်ဆိုင်းခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ ရက်က သန်းချီတဲ့ ခရီးသွားတွေ ထိခိုက်ခဲ့ရပါတယ်။  မက္ကဆီကိုစီးတီးက မြေအောက်ရထားလိုင်း ၆ ခု ရပ်နားခဲ့ပြီးနောက် ခရီးသည်တွေဟာ တခြားပို့ဆောင်ရေးယာဉ်တွေကို စုပြုံတိုးဝှေ့ စီးနင်းခဲ့ရပါတယ်။ လူဦးရေ သန်း ၂၀ ကျော်ရှိတဲ့ မက္ကဆီကိုစီးတီးမှာ မြေအောက်ရထားက နေ့စဉ် လူ ၅ သန်းကို ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။  မြေအောက်ရထားခဟာ ၅ ပီဆို (အမေရိကန် ငွေ ၂၅ ဆင့်ခန့်)သာ ပေးရတာမို့ မြို့ရဲ့ အခြေခံလူတန်းစားတွေ အလုပ်ခွင်သွားဖို့ အသုံးများတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။  သောင်တင်နေတဲ့ ခရီးသွားတွေက ဘတ်စ်ကားလိုင်းတွေဟာ ကိုဗစ်-၁၉ ပေါက်ဖွားစေတဲ့ နေရာ ဖြစ်တယ်လို့ မကျေမချမ်း ပြောကြပါတယ်။  အာဏာပိုင်တွေကတော့ မြေအောက်ရထားလိုင်း ၆ လိုင်းက ၃ လိုင်းကို ဇန်နဝါရီ ၁၂ ကစလို့ ပြန်ပြေးဆွဲမယ်ဆိုပြီး ကြေညာခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
2 months Ago
Up