မြေအောက်ရထားဘူတာ

A d v e r t i s e m e n t With Us

January 10, 2021

မက္ကဆီကို မြေအောက်ရထားဘူတာတွင် မီးလောင်မှုကြောင့် ရဲအရာရှိ ၁ ဦး သေဆုံး

မက်ဆီကိုနိုင်ငံရဲ့မြို့တော် မက္ကဆီကိုစီးတီးရဲ့ မြို့လယ်ခေါင် မြေအောက်ရထားဘူတာကြီးမှာ ဇန်နဝါရီ ၉ ရက် မနက်အစောပိုင်းက မီးလောင်တာကြောင့် ရဲအရာရှိတဦး သေဆုံးတယ်လို့ သိရပါတယ်။ အထပ်အများကြီးရှိတဲ့ ဘူတာရုံရဲ့ အမိုးကနေ မီးခိုးတွေ အူထွက်နေပြီး လူတချို့ ဒဏ်ရာအသေးစားတွေ ရကြပါတယ်။  မီးလောင်လို့ မြို့တော်အတွင်း မြေအောက်ရထားလိုင်း ၆ လိုင်းမှာ အသွားအလာ ရပ်ကုန်ပါတယ်။ လျှပ်စစ်ချို့ယွင်းမှုကြောင့် မီးလောင်တာလို့ ယုံကြည်နေကြပါတယ်။ “မီးငြိမ်းသွားပြီ၊ ရဲအရာရှိ တယောက် ခြေချော်ပြီး မီးထဲ ကျသွားလို့ သေဆုံးခဲ့တယ်” လို့ မြို့တော်ဝန်က သတင်းထောက်တွေကို အတည်ပြု ပြောပါတယ်။  မီးခိုးရှူမိလို့ လူအယောက် ၃၀ လောက်ကို ဒေသန္တရ ဆေးရုံတွေဆီ တင်ပို့ ထားရတယ်လို့ သူက ဆက်ပြောပါတယ်။  မက္ကဆီကို အမျိုးသားလျှပ်စစ်ဓာတ်အားကုမ္ပဏီ CFE နဲ့ မြို့အစိုးရအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးသူတွေက မီးလောင်ရတဲ့ တကယ့်အကြောင်းရင်းနဲ့ အပျက်အစီးစာရင်းကို ရှာဖွေ ပြုစုနေပါတယ်။ အဆောက်အအုံထဲမှာ ပိတ်မိနေတဲ့  လူ ဆယ်ယောက်လောက်ကို ကယ်ထုတ်ပြီးပြီလို့ မြို့တော်ဝန်က ပြောပါတယ်။
2 months Ago
Up