ဟောင်ကောင် မြေအောက်ရထားတွေမှာ ရေခဲသေတ္တာငယ်အရွယ် ရိုဘော့တွေနဲ့ ပိုးသတ်ဆေးဖျန်းနေပါတယ်။
သေတ္တာပုံစံ ရိုဘော့တွေဟာ မြေအောက်ရထားထဲမှာ အလိုအလျောက် ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်ပျော်ရည်ကို ပက်ဖျန်းနိုင်ပါတယ်။
ရိုဘော့တွေကို အဝေးထိန်းခလုတ်နဲ့ ထိန်းကျောင်းနိုင်သလို ကြိုတင်သတ်မှတ်ထားတဲ့ ပုံစံနဲ့ လမ်းညွှန်နိုင်ပါတယ်။ တွဲ ၈ တွဲပါ ရထားတစင်းကို ရိုဘော့နဲ့ ပိုးသတ်ဆေးဖျန်းမယ် ဆိုရင် အချိန် ၄ နာရီခန့် ကြာတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
မတ် ၂၀ ရက်နေ့မှာတော့ MTR Operations Director တိုနီလီက ရိုဘော့ဟာ လူသား သန့်ရှင်းရေးတွေ လက်လှမ်းမမီတဲ့နေရာတွေကို သန့်ရှင်းပေးနိုင်ပြိး အန္တရာယ်များလှတဲ့ တာဝန်တွေကိုလည်း ထမ်းဆောင်နိုင်တယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ နှောင်းပိုင်းက မောင်းကွတ်ခရိုင် MTR ရုံးမှာ ဝန်ထမ်းတဦး ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်မှာ ရိုဘော့နဲ့ အစားထိုး အသုံးပြုနေပြီ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ပိုးမွှားကူးစက်ခံရမှုကင်းအောင် ဆေးရုံနဲ့ စမ်းသပ်ခန်းမှာ ရိုဘော့ နည်းပညာကို အသုံးပြုနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရာမှာ ဟောင်ကောင်ဟာ အောင်မြင်မှု ရနေပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅၆ ဦး ရှိပြီး ၄ ဦး သေဆုံးထားတဲ့ ဟောင်ကောင်မှာ ခရီးသွားသူတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပြီး မတ် ၁၉ ရက်က ရောက်လာသူတွေကို ၁၄ ရက် သီးခြားစောင့်ကြည့်ဖို့ ညွန်ကြားထားပါတယ်။
ဒါ့အပြင် မလိုအပ်ဘဲ ခရီးမသွားကြဖို့ အကြံပြုထားတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
12 months Ago