မြေပြုကျမှု

September 19, 2020

ရမ်းဗြဲမြို့နယ်တွင် မြေပြိုကျမှုကြောင့် ၁ ဦး ဒဏ်ရာရ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့အဝင် ရမ်းဗြဲ-ကျောက်ဖြူကားလမ်းဘေးရှိ ကျောက်၊ သဲ ထုတ်ယူနေတဲ့တောင်မှာ ဒီနေ့မနက်က မြေပြိုကျတာကြောင့် ကျောက်တူးနေတဲ့ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ရမ်းဗြဲမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ရမ်းဗြဲမြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။  “မနေ့က မိုးရွာထားတော့ သတိမထားဘဲနဲ့ ကျောက်တူးနေရင်းက မြေပြိုကျလာပြီးတော့ အဲဒီမှာ ကျောက်တူးနေတဲ့သူ ၁ ဦးကို ပိသွားတယ်လို့သိရတယ်။ အခုတော့ ရမ်းဗြဲမြို့နယ်ဆေးရုံကို ရောက်နေပြီ။ ဒဏ်ရာတွေကတော့ ကျောက်ပိသွားတဲ့အတွက် နည်းနည်းပါးပါးတော့ ပွန်းပဲ့သွားတယ်၊ စိုးရိမ်ရတဲ့အနေအထားမရှိဘူးလို့တော့ သိရတယ်။ သူတို့ကတော့ အငှားတူးနေကြတဲ့ အလုပ်သမားတွေ ဖြစ်မှာပါ။ အဲဒီ အမျိုးသား ၁ ယောက်ပဲ ဒဏ်ရာရတာပါ။”
8 months Ago
Up