မြေပြိုမှု

August 24, 2021

မိုးကုတ်မြို့ မြေပြိုမှု ၁၁ ဦး သေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်မှာ သြဂုတ်လ ၂၄ ရက်နေ့မနက်က မြေပြိုမှုဖြစ်ပြီး ပိတ်မိနေတဲ့သူတွေအပါအဝင် ၁၁ ဦးလုံး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေး အသင်းတစ်ခုဆီက သိရပါတယ်။

ဒေသခံတစ်ဦးက "ညနေ ၄ နာရီ ၂၄ မှာ ၁၁​ ယောက်လုံးရဲ့ Dead Body တွေ့တယ်၊ မြေပြိုတာကများတော့ ခက်ခက်ခဲခဲ ရှာဖွေရတယ်၊ ဘတ်ဖိုးကားတွေနဲ့ကော်ရတယ်၊ ပေါက်တူးတွေလဲသုံးရတယ်" လို့ ပြောပါတယ်။

သြဂုတ်လ ၂၄ရက်နေ့ မနက် ပိုင်းမှာ တောင်စွန်းကမြေပြိုတာကြောင့် နေအိမ် ၃ လုံးပေါ်ပိခဲ့ပြီး မိသားစု နှစ်စု စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

4 weeks Ago

August 13, 2021

မိုးကုတ်တွင် မြေပြိုမှုကြောင့် နှစ်ထပ်အိမ်ပြိုကျ၊ အမျိုးသမီး ၁ ဦး သေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့မှာ သြဂုတ် ၁၃ ရက်နေ့မနက်က မြေပြိုပြီး နှစ်ထပ်အိမ်ပြိုကျတာကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေပိသေဆုံးခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီအသင်းက သိရပါတယ်။

မိုးကုတ်မြို့ အုန်းကိုင်းရွာသစ်က တောင်ပေါ်က နှစ်အိမ်ပြိုကျရာမှာ မိသားစု ၇ ဦး ပိတ်မိသွားခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ အခြားလူမှုရေးအသင်းတွေ ပူးပေါင်းရှာဖွေရမှာ မိသားစုဝင် ၆ ဦး ကို ကယ်ဆယ်ရမိပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့နယ် ကြက်ခြေနီအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အိမ်နှစ်အိမ်ပြိုကျတာ၊ ခုနစ်ယောက် ပိတ်မိသွားတယ်၊ ၆ ယောက်ကိုက အသက်ရှင်လျက်ပြန်တွေ့တယ်၊ မနက် ၆ နာရီကတည်းက ရှာဖွေကယ်ဆယ်မှု​တွေလုပ်နေရတယ်။" 

မြေပြိုမှုကြောင့် အိမ်နှစ်အိမ် ပြိုကျပျက်စီးခဲ့သလို ရေလျှံခဲ့တဲ့ ဘော်ဗဒန်းရွာက လမ်းမကြီး ပြိုကျကာ အိမ်တွေထဲထိ ရေတွေဝင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကုတ်မြို့မှာ သြဂုတ် ၁၁ ရက်နေ့ကစပြီး မိုးရေချိန် ၂ လက်မကျော် နှစ်ရက်ဆက်တိုက် ရွာသွန်းပြီး ရေကြီးမြေပြိုတာကြောင့် သြဂုတ် ၁၂ ရက်နေ့က လူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

1 month Ago
More News
Up