မြေပြိုကျ

September 27, 2021

တီးတိန်းမြို့နယ် ဆိုဇန်ကျေးရွာတွင် မြေပြိုကျပြီး နေအိမ်အချို့ပျက်စီး

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တီးတိန်-ကလေးလမ်းပေါ်ရှိ ဆိုဇန်ကျေးရွာမှာ စက်တင်ဘာ ၂၇ ရက်က  မိုးများပြီး မြေပြိုမှု ဖြစ်ပွားခဲ့ပါတယ်။

မြေပြိုမှုကြောင့် နေအိမ် ၃ လုံးပျက်စီးသွားကာ ၄ လုံး ပြောင်းရွှေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆိုဇန်ရွာအနီး ကားလမ်းတနေရာမှာလည်း မြေပြိုကျလို့ လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်မယ့် အနေအထားရှိနေပါတယ်။

ချင်းပြည်နယ်မှာ မိုးရာသီကာလ မကြာခဏ မြေပြိုကျမှုတွေဖြစ်ပွားလေ့ ရှိပါတယ်။ ချင်းပြည်နယ်မှာ ဆယ်စုနှစ်တခုအတွင်း အဆိုးရွားဆုံးမြေပြိုမှုကို မြို့တော် ဟားခါးမြို့မှာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့ပါတယ်။

Photo: Huailek

2 months Ago

November 6, 2020

မိုးကုတ်မြို့နယ်၌ မြေပြိုကျပြီး ပိတ်မိနေသူ ၂ ဦး၏ အလောင်းများ ပြန်တွေ့

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ရှိ ကျောက်ဝါချောင်းမှာ မြေပြိုကျတာကြောင့် လူ နှစ် ဦးသေဆုံးသွားပါတယ်။  နိုဝင်ဘာ ၄ ရက်နေ့က တောင်တွန်းပြီး မြေပြိုကျတာကြောင့် မျောစာပိလို့ပိတ်မိနေတဲ့ လူနှစ်ယောက်ကို နိုဝင်ဘာ ၅ ရက်နေ့က သေဆုံးလျက်ပြန်တွေ့တယ်လို့ မိုးကုတ်မြို့နယ် လူမှုကယ်ဆယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက  ပြောပါတယ်။ ပထမအလောင်းကို မနက် ၉ နာရီဝန်းကျင်ကတွေ့ရှိခဲ့တာဖြစ်ပြီး ဒုတိယအလောင်းကိုတော့  မနက် ၁၁ နာရီခွဲဝန်းကျင်က တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အောက်တိုဘာ ၄ ရက်နေ့က တောင်တွန်းမြေပြိုတာကြောင့် မျောစာပိလို့ လူ ၃ ဦး ပိတ်မိခဲ့ကာ တစ်ဦးကို ပွန်းပဲ့ဒါဏ်ရာအနည်းငယ်နဲ့ မိုးကုတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ကျန် ၂ ဦးကိုတော့ သေဆုံးလျက်တွေ့ရှိရတာဖြစ်ပါတယ်။ ပိတ်မိနေခဲ့တဲ့အချိန်ဟာ အောက်တိုဘာ ၄ ရက်နေ့ မနက် ၉ ခွဲဝန်းကျင်လောက်ဖြစ်ပြီး ရှာဖွေကယ်ဆယ်တာတွေ ပြုလုပ်ခဲ့ပေမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ သေဆုံးလျက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သတင်း - ဟန်နာထက်အောင်
1 year Ago
Up