မြေနုကျွန်း

November 17, 2019

မြေနုကျွန်း အငြင်းပွားမှု ဖြေရှင်းပေးရန် ရွှေတောင်ဒေသခံများ ဆန္ဒပြ

မြေနုကျွန်း အငြင်းပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ ရွှေတောင်မြို့နယ် ဒေသခံတွေက နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ ပဲခူးတိုင်း ရွှေတောင်မြို့နယ် ဧရာဝတီမြစ်ထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ပေါ်လာခဲ့တဲ့ မြေနုကျွန်းက ယွန်းတန်းရပ်ကွက်၊ ဒုရင်ဂဘိုကျေးရွာ၊ မင်းတဲကျွန်းရပ်ကွက်တွေနဲ့ တဆက်စပ်တည်း ရှိနေတာပါ။ အဲဒီမြေနုကို သက်ဆိုင်ရာတာဝန်ရှိသူတွေ တရားဝင်ချပေးမထားခင်ကတည်းက ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်နေသူတွေ ရှိနေပြီး ၂၀၁၉ ခုနှစ်မှာ နေရာခွဲဝေချထားရာမှာ စိုက်ပျိုးပြီးသားသူတွေနဲ့ မြေနေရာရထားသူတွေ အငြင်းပွားမှု ဖြစ်ပေါ်နေတာကြောင့် ပြဿနာ မကြီးထွားလာခင် ဖြေရှင်းပေးဖို့ ဆန္ဒပြတာလို့ ဒေသခံ ဒေါ်မြမြမိုးက ပြောပါတယ်။ ယွန်းတန်းရပ်ကွက်နေ ဒေါ်မိုးစန္ဒာက “အခုသူတို့ ခွဲပေးထားတဲ့နေရာတွေက စိုက်ပျိုးပြီးသားတွေ ဖြစ်ပြီး သူတို့ကလည်း ဖယ်မပေးဘူး၊ အခုက စိုက်ပျိုးပြီးချိန်လည်း ရောက်နေပြီ၊ ဒေသအာဏာပိုင်တွေကလည်း ဘယ်သူမှရှ င်းမပေးဘူး” လို့ ပြောပါတယ်။ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်က “ဒီမြေနုကျွန်းကို ယွန်းတန်းရပ်ကွက်အတွက် ဧက ၈၀၊ ဒုရင်ဂဗိုလ်ကျေးရွာကို ဧက ၁၇၀ နဲ့  ကျွန်းပေါ်မှာ လက်ရှိ နေထိုင်နေတဲ့ အိမ် ၃၀ ကျော်ကို ဧက ၇၀၊ ကျွန်းနဲ့အနီးဆုံးကို သုံးပုံနှစ်ပုံနဲ့ နည်းနည်းဝေးတဲ့ဘက်ကို သုံးပုံတပုံခွဲပေးထားတာ၊ အဲဒါ သူတို့က မလိုက်နာကြတာ၊ တိုင်းကိုလည်း အတည်ပြုဖို့ တင်ထားလိုက်ပြီ” လို့ ပြောပါတယ်။ အခုလို မြေနုကျွန်းကိစ္စ အငြင်းပွားနေတာတာနဲ့ ပတ်သက်ပြီး ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရပါဘူး။ ဒေသခံတောင်သူ ၁၀၀ ကျော်က မြေနုကျွန်းဥပဒေနဲ့အညီ တောင်သူဟောင်းများကို ဦးစားပေးရေး၊ ကျူးကျော်စိုက်ပျိုးလုပ်ကိုင်သူများကို ဖယ်ရှားပေးရေး၊ တောင်သူအချင်းချင်း ခိုက်ရန်ဒေါသမဖြစ်စေဖို့ ဆောင်ရွက်ပေးရေး၊ ၂၀၁၂ မြေနုကျွန်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးရေး စတဲ့ ဗွီနိုင်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့နဲ့ ရန်ကုန်-ပြည်လမ်း အပါအဝင် လူစည်ကားရာလမ်းတွေမှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
1 year Ago

August 7, 2019

ရေနံချောင်း မြေနုကျွန်းပဋိပက္ခတွင်း သေဆုံးသူ ၃ ဦးအတွက် လူသတ်မှုဖြင့် ထပ်ဖွင့်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးရွာနှစ်ဖွဲ့ မြေနုကျွန်း အငြင်းပွားရာက ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း သေဆုံးသူများထဲက ၃ ဦးအတွက် ဒီကနေ့ နေ့လယ်မှာ လက်မှတ်ကုန်း နယ်မြေရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်လိုက်တယ်လို့ အဆိုပါနယ်မြေစခန်း စခန်းမှူးက ပြောပါတယ်။ “သေဆုံးသူတွေထဲက ရေထဲကရှာဖွေတွေတဲ့ အလောင်းတွေရဲ့ ဆေးစစ်ချက်မှာ ကျန်တဲ့ သူတွေက ရေနစ်မွန်းကျပ်သေဆုံးဖော်ပြထားပေမယ့် သူတို့ထဲက သုံးဦးမှာက တုံးသောလက်နက် မစိုးရိမ်ရ ဒဏ်ရာနဲ့နှစ်ဦး၊ တုံးသောလက်နက် စိုးရိမ်ရတဦးတို့ ရေနစ်မွန်းကျပ်သေဆုံးလို့ ပါနေတာ ကြောင့် ဒီနေ့ နေ့လယ်ပိုင်မှာပဲ ကျနော်က တရားလိုလုပ်ပြီး လူသတ်မှုနဲ့ အမှုဖွင့်လိုက်ပါပြီ”လို့ လက်မှတ်ကုန်း နယ်မြေ ရဲစခန်း စခန်းမှူး ရဲအုပ်မိုးညိုက ပြောပါတယ်။ ဆေးစာ ပါရှိချက်အရ သေဆုံးသူ ခင်မောင်ဆန်းနှင့် ကျော်ကျော်တို့မှာ တုံးသောလက်နက် သာမာန်ဒဏ်ရာ၊ ရေနစ်မွန်းကျပ်သေဆုံးနဲ့ နေဝင်းအောင်မှာ တုံးသောလက်နက် ပြင်းထန် ဒဏ်ရာရ ရေနစ်မွန်းကျပ်သေဆုံး ပါရှိတာကြောင့် ‌သေဆုံးသူ သုံးဦအတွက် လက်မှတ်ကုန်းနယ်မြေစခန်းမှာ (ပ)၉၂/၂၀၁၉ လူသတ်မှု ပုဒ်မ (၃၀၂၊၁၁၄) နဲ့ အရေဆောင်ရွက်ထားကြောင်း ရှင်းပြပါတယ်။ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ရေနံချောင်း မြေနုကျွန်း ပဋိပက္ခ ဖြစ်စဉ်မှာ နှစ်ဖက်ရွာက ပါဝင်ပတ်သက်သူ ၃၀ ကျော်ကို ခေါ်ယူစစ်ဆေးထားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဆေးစာတွေလည်း လက်ခံရရှိထားပြီး နှစ်ရွာ အငြင်းပွား အခင်းဖြစ်ရခြင်းအတွက် ဦးဆောင်သူကို ဖော်ထုတ်နိုင်ရေး အလေးထား ဆောင်ရွက်နေတယ်လို့ လက်မှတ်ကုန်း နယ်မြေစခန်းမှူး ရဲအုပ်မိုးညိုက ပြောပါတယ်။ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ မြေနုကျွန်းကိစ္စအငြင်းပွားပြီး ရွာ ၂ ရွာ ခိုက်ရန်ဖြစ်လို့ လူသေဆုံးခဲ့တဲ့ ကိစ္စကို တိုင်းအလုပ်သမားဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၅ ယောက်နဲ့ စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ဇူလိုင် ၂၃ ရက်နေ့က ဖရဲကျွန်းကျေးရွာနှင့် ကန်သာကျေးရွာတို့ ဧရာဝတီ မြစ်အတွင်းက မြေနုကျွန်း ပိုင်ဆိုင်ကြောင်း အငြင်းပွား ပဋိပက္ခဖြစ်ခဲ့ရာက လူ ၄၀ နီးပါးသေဆုံးမှု ဖြစ်ခဲ့ပြီး ဒီနေ့အချိန်ထိ ဧရာဝတီမြစ်အတွင်းက အလောင်း ၂၇ လောင်းသာ မြစ်အတွင်းက ရှာဖွေတွေ့ရှိ ထားပြီး ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကိုလင်း(ချောက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေရနံေခ်ာင္း ေျမႏုကြၽန္းပဋိပကၡတြင္း ေသဆုံးသူ ၃ ဦးအတြက္ လူသတ္မႈျဖင့္ ထပ္ဖြင့္ DVB မေကြးတိုင္းေဒသႀကီး ေရနံေခ်ာင္းၿမိဳ႕နယ္ ေက်း႐ြာႏွစ္ဖြဲ႕ ေျမႏုကြၽန္း အျငင္းပြားရာက ျဖစ္ခဲ့တဲ့ ပဋိပကၡအတြင္း ေသဆုံးသူမ်ားထဲက ၃ ဦးအတြက္ ဒီကေန႔ ေန႔လယ္မွာ လက္မွတ္ကုန္း နယ္ေျမရဲစခန္းမွာ လူသတ္မႈနဲ႔ အမႈဖြင့္လိုက္တယ္လို႔ အဆိုပါနယ္ေျမစခန္း စခန္းမႉးက ေျပာပါတယ္။ “ေသဆုံးသူေတြထဲက ေရထဲကရွာေဖြေတြတဲ့ အေလာင္းေတြရဲ႕ ေဆးစစ္ခ်က္မွာ က်န္တဲ့ သူေတြက ေရနစ္မြန္းက်ပ္ေသဆုံးေဖာ္ျပထားေပမယ့္ သူတို႔ထဲက သုံးဦးမွာက တုံးေသာလက္နက္ မစိုးရိမ္ရ ဒဏ္ရာနဲ႔ႏွစ္ဦး၊ တုံးေသာလက္နက္ စိုးရိမ္ရတဦးတို႔ ေရနစ္မြန္းက်ပ္ေသဆုံးလို႔ ပါေနတာ ေၾကာင့္ ဒီေန႔ ေန႔လယ္ပိုင္မွာပဲ က်ေနာ္က တရားလိုလုပ္ၿပီး လူသတ္မႈနဲ႔ အမႈဖြင့္လိုက္ပါၿပီ”လို႔ လက္မွတ္ကုန္း နယ္ေျမ ရဲစခန္း စခန္းမႉး ရဲအုပ္မိုးညိဳက ေျပာပါတယ္။ ေဆးစာ ပါရွိခ်က္အရ ေသဆုံးသူ ခင္ေမာင္ဆန္းႏွင့္ ေက်ာ္ေက်ာ္တို႔မွာ တုံးေသာလက္နက္ သာမာန္ဒဏ္ရာ၊ ေရနစ္မြန္းက်ပ္ေသဆုံးနဲ႔ ေနဝင္းေအာင္မွာ တုံးေသာလက္နက္ ျပင္းထန္ ဒဏ္ရာရ ေရနစ္မြန္းက်ပ္ေသဆုံး ပါရွိတာေၾကာင့္ ‌ေသဆုံးသူ သုံးဦအတြက္ လက္မွတ္ကုန္းနယ္ေျမစခန္းမွာ (ပ)၉၂/၂၀၁၉ လူသတ္မႈ ပုဒ္မ (၃၀၂၊၁၁၄) နဲ႔ အေရေဆာင္႐ြက္ထားေၾကာင္း ရွင္းျပပါတယ္။ လူေသဆုံးတဲ့အထိ ျဖစ္ခဲ့တဲ့ ေရနံေခ်ာင္း ေျမႏုကြၽန္း ပဋိပကၡ ျဖစ္စဥ္မွာ ႏွစ္ဖက္႐ြာက ပါဝင္ပတ္သက္သူ ၃၀ ေက်ာ္ကို ေခၚယူစစ္ေဆးထားတယ္လို႔ သိရပါတယ္။ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ ေဆးစာေတြလည္း လက္ခံရရွိထားၿပီး ႏွစ္႐ြာ အျငင္းပြား အခင္းျဖစ္ရျခင္းအတြက္ ဦးေဆာင္သူကို ေဖာ္ထုတ္ႏိုင္ေရး အေလးထား ေဆာင္႐ြက္ေနတယ္လို႔ လက္မွတ္ကုန္း နယ္ေျမစခန္းမႉး ရဲအုပ္မိုးညိဳက ေျပာပါတယ္။ မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕နယ္မွာ ေျမႏုကြၽန္းကိစၥအျငင္းပြားၿပီး ႐ြာ ၂ ႐ြာ ခိုက္ရန္ျဖစ္လို႔ လူေသဆုံးခဲ့တဲ့ ကိစၥကို တိုင္းအလုပ္သမားဝန္ႀကီး ဦးေဆာင္ၿပီး အဖြဲ႕ဝင္ ၅ ေယာက္နဲ႔ စစ္ေဆးေနတာလည္း ျဖစ္ပါတယ္။ ဇူလိုင္ ၂၃ ရက္ေန႔က ဖရဲကြၽန္းေက်း႐ြာႏွင့္ ကန္သာေက်း႐ြာတို႔ ဧရာဝတီ ျမစ္အတြင္းက ေျမႏုကြၽန္း ပိုင္ဆိုင္ေၾကာင္း အျငင္းပြား ပဋိပကၡျဖစ္ခဲ့ရာက လူ ၄၀ နီးပါးေသဆုံးမႈ ျဖစ္ခဲ့ၿပီး ဒီေန႔အခ်ိန္ထိ ဧရာဝတီျမစ္အတြင္းက အေလာင္း ၂၇ ေလာင္းသာ ျမစ္အတြင္းက ရွာေဖြေတြ႕ရွိ ထားၿပီး ၁၀ ဦးထက္မနည္း ေပ်ာက္ဆုံးေနဆဲ ျဖစ္ပါတယ္။ ကိုလင္း(ေခ်ာက္)
2 years Ago
Up