မြေနီကုန်းတံတား

July 2, 2021

ရန်ကုန် မြေနီကုန်းတံတားတွင် ပေါက်ကွဲမှုဖြစ်

အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့မွေးနေ့နဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာတန်းတစ်ခုကို ရဲကားတစ်စီးက  ရန်ကုန်မြို့ မြေနီကုန်းတံတားပေါ် တက်ဖြုတ်ရင်း ဒီနေ့ ဇူလိုင် ၂ ရက် မနက် ၉ နာရီကျော်လောက်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ 

မြေနီကုန်းတံတားပေါ်မှာရှိတဲ့ ပါဆယ်ဗုံးတစ်ခုက ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဘူးလို့သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် မြေနီကုန်းတံတားပေါ်ကို နာရီဝက်ကျော် လမ်းပိတ်ဆို့ခဲ့တယ်လို့ အနီးနားရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။ 

မနေ့ကလည်း မြေနီကုန်းတံတားအောက်က ယာဉ်ထိန်းရဲရုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့ပါသေးတယ်။

7 months Ago
Up