မြေတူးစက်သုံး

March 3, 2020

တွင်းထဲ ပြုတ်ကျနေသည့် မြင်းပုလေးကို မြေတူးစက်သုံး ကယ်ထုတ် (ရုပ်သံ)

ဗြိတိန်နိုင်ငံ ဝေလနယ်မှာ တွင်းတခုထဲကို ပြုတ်ကျနေတဲ့ မြင်းပုလေးတကောင်ကို မြေတူးစက်သုံးကာ ကယ်ထုတ်ခဲ့ရပါတယ်။ ဂျိုဆွဖ်လို့ ခေါ်တဲ့ မြေပိုင်ရှင်တဦးက သူ့မရဲ့ အသက် ၃ နှစ်အရွယ်  မြင်းပုလေး ပျောက်ဆုံးနေတယ်ဆိုတာကို သတိပြုမိခဲ့ပြီး ရှာဖွေမှုတွေ လုပ်ဆောင်တဲ့အခါမှာတော့ ဖလို လို့ခေါ်တဲ့  ဒီမြင်းလေးကို ၁၂ ပေ၊ ၁၅ ပေလောက်အနက်ရှိတဲ့ တွင်းထဲမှာ ရှာတွေ့ခဲ့ပါတယ်။ သူမကို ကယ်တင်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် မတတ်နိုင်ခဲ့တာကြောင့် ဒေသတွင်းမှာရှိတဲ့ မြေတူးစက်တစီးကို ငှားရမ်းခဲ့ပါတယ်။ မြေတူးစက်က ဖလို တွင်းထဲက ထွက်လာနိုင်အောင် မြေကြီးတွေကို တူးထုတ်ပေးခဲ့ရပြီး မိနစ် ၂၀ ကြာ တူးထုတ်ပြီးချိန်မှာတော့ မြင်းလေးကို ဘေးမသီရန်မခဘဲ အန္တရာယ်ကနေ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။  တွင်းဖြစ်ပေါ်နေတဲ့ နေရာဟာ သတ္တုတူးဖော်ခဲ့တဲ့ နေရာဟောင်းဖြစ်ပြီး မြင်းလေးဟာ တွင်းဟောင်းထဲကို  မထင်မှတ်ဘဲ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်လို့ ဆွဖ်က ပြောပါတယ်။  “ဒီတွင်းက သေးသေးလေးပါ။ ဒီတွင်းထဲကို ကျမမြင်းလေးက ကြုံတောင့်ကြုံခဲ ပြုတ်ကျခဲ့တာ ဖြစ်ပြီး ကျမတို့ကလည်း သူ့ကို အမှတ်မထင် ကယ်တင်နိုင်ခဲ့တာပါ” လို့လည်း ဆွဖ်က ပြောပါတယ်။
1 year Ago
Up