မြေစာရင်းရုံး

October 2, 2021

ပုသိမ်ကြီးမြို့နယ် မြေစာရင်းရုံး လက်လုပ်ဗုံး ပစ်ခံရ

မန္တလေးခရိုင်  ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းအောင်ရပ်ကွက်မှာရှိတဲ့ မြို့နယ်မြေစာရင်းရုံးကို အောက်တိုဘာ ၁ ရက် ည ၈ နာရီအချိန်ခန့်က လက်လုပ်ဗုံးနဲ့ ပစ်ခံရတယ် ဒေသခံတွေဆီက သိရပါတယ်။

လက်လုပ်ဗုံးကို အမည်မသိလူတစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပစ်သွားတာဖြစ်ပြီး မြေစာရင်းရုံး အဆောက်အအုံနဲ့ ခြံစည်းရိုးကြား ကျရောက် ပေါက်ကွဲခံတယ်လို့ သိရပါတယ်။

“ညက ကွဲသံ နှစ်ချက်ကြားလိုက်ရတယ်။ ရဲစခန်းဘက်ကလည်း သေနတ်သံတွေ ရှစ်ချက် ကိုးချက် လောက်တော့ရှိတယ် ကြားရတယ်။ ကြည့်ရတာ ခြောက်လှန့်ပစ်တဲ့ သဘောပဲ။ အပြန်အလှန်ပစ်တာတော့မဟုတ်ဘူး” လို့ ပုသိမ်ကြီးမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် လူ ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်ဆီးဆုံးရှုံးတာမရှိဘူးလို့ သိရ ပါတယ်။

1 year Ago
Up