မြေငလျင် လှုပ်ခတ်

June 22, 2020

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တွင် အင်အား ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မှာ ဒီနေ့မနက်အစောပိုင်းက အင်အားရစ်(ခ်)တာစကေး  ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇွန် ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၅ နာရီ၊ ၁၀ မိနစ်၊ ၅၂ စက္ကန့် အချိန် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၄၂ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်ပ (Myanmar-India Border Region)၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၁၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၂၂ ဒီဂရီ၊ အနက် ၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ရှားတယ်လို့ ဆိုပါတယ်။
11 months Ago

May 2, 2020

မင်းကင်းမြို့တွင် မြေငလျင် လှုပ်ခတ်

စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ မနေ့ညက အင်အား ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ မေ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၂၃ မိနစ်၊ ၄၈ စက္ကန့်အချိန်မှာ ဟားခါးမြေငလျင်စခန်းမှ အရှေ့-အ‌ရှေ့မြောက်ဘက် ၆၂ မိုင် ခန့်ကွာဝေးတဲ့၊ မင်းကင်းမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၂ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၈၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၄ ဒီဂရီ၊ အနက် ၇၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
1 year Ago
More News
Up