မြေငလျင်လှုပ်

A d v e r t i s e m e n t With Us

January 17, 2021

တွန်းဇံမြို့ အနောက်မြောက်ဘက်တွင် အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်

ချင်းပြည်နယ် တွန်းဇံမြို့ရဲ့ အနောက်မြောက်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၃ နာရီ ၁၈ မိနစ် ၁၄ စက္ကန့်အချိန်က တွန်းဇံမြို့ရဲ့ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၆၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၆၈ ဒီဂရီ၊ အနက် ၃၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ချ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
2 months Ago

December 22, 2020

စစ်ကိုင်းမြို့တွင် မြေငလျင်လှုပ်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ မနေ့ညက အင်အား ၃ ဒသမ ၂ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉ နာရီ၊ မိနစ် ၃၀ အချိန်မှာ စစ်ကိုင်းမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၉၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၉၈ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 months Ago
More News
Up