မြေငလျင်လှုပ်

September 22, 2021

ဩစတြေးလျတွင် ရစ်ချ်စတာစကေး ၆ အဆင့်ရှိ အင်အားကြီး ငလျင်လှုပ်

သြစတြေးလျနိုင်ငံရဲ့ မှတ်တမ်းတင်ထားသမျှ သမိုင်းမှာ အကြီးဆုံးဖြစ်တဲ့ အင်အား ရစ်ချ်စတာ စကေး ၆ ရှိတဲ့ ငလျင်တခု မဲလ်ဘုန်းမြို့နားမှာ စက်တင်ဘာ ၂၂ ရက်က လှုပ်ခတ်သွားပါတယ်။ 

အမေရိကန်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ သြစတြေးလျ ဝန်ကြီးချုပ် စကော့တ် မော်ရစ်ဆင်က “ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရသူ အစီရင်ခံတာ မရှိဘူး၊ ဒါကိုက အင်မတန် ကောင်းတဲ့သတင်းပဲ” လို့  ပြောပါတယ်။

ငလျင်ကြောင့် နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့မှာ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး အိမ်နီးချင်း ပြည်နယ်တွေမှာလည်း မြေပြင် တုန်ခါမှုတွေကို ခံစားခဲ့ကြရပါတယ်။

ငလျင်ဟာ ဗစ်တိုးရီးယားပြည်နယ်၊ မန်းစ်ဖီးလ်ဒ် ကျေးလက်မြို့နား မြေအောက် ၆ မိုင်အနက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။

ဒီမြို့ဟာ မဲလ်ဘုန်းမြို့ အရှေ့မြောက်ဘက် ၁၂၄ မိုင် အကွာမှာ ရှိပါတယ်။ ငလျင်အပြီး မြေပြင် တုန်ခါမှုဟာ ရစ်ချ်စတာ စကေး ၄ အထိ ရှိခဲ့တာပါ။ 

သြစတြေးလျနိုင်ငံရဲ့ လူနေထူထပ်တဲ့ အရှေ့ဘက်ခြမ်းဟာ အင်ဒို-သြစတြေးလျ ကျောက်လွှာပြင်ကြီးရဲ့ အလယ်မှာရှိလို့ ငလျင်လှုပ်ဖို့ တော်တော်လေး မဖြစ်နိုင်တဲ့ အနေအထားပဲလို့ ဘူမိသိပ္ပံ သြစတြေးလျဌာနက ပြောပါတယ်။

သြစတြေးလျနိုင်ငံ နယူးကတ်စ်တယ်မြို့မှာ ၁၉၈၉ ခုနှစ်က အင်အား ရစ်ချ်စတာ စကေး ၅ ဒသမ ၆ ရှိတဲ့ ငလျင်လှုပ်ခဲ့လို့ လူ ၁၃ ယောက် သေဆုံးခဲ့ဖူးပါတယ်။

4 days Ago

August 25, 2021

တောင်ကြီးမြို့အနီးမှာ ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိတဲ့ မြေငလျင်လှုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးမှာ သြဂုတ် ၂၅ ရက် ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲ၀န်းကျင်က ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့ မွန်းတည့် ၁၂ နာရီ၊ ၃၆ မိနစ်၊ ၁၁ စက္ကန့်မှာ တောင်ကြီးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၈၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၉၅ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ မြေငလျင်လေ့လာရေးဌာန (TMD) ကလည်း ကနဦး ရရှိတဲ့ ငလျင်အချက်အလက်တွေအပေါ်  အခြေခံပြီး ငလျင်ဗဟိုချက်ဧရိယာမှာ ရှိတဲ့လူတွေဟာ ငလျင်ကို ခံစားခဲ့ရမှာဖြစ်ပြီး စင်ပေါ်ကနေ ပစ္စည်းတွေ ပြုတ်ကျတာ၊ ပြတင်းပေါက်တွေ ကွဲတာလောက်က လွဲလို့ တခြားထိခိုက်ပျက်စီးမှုတွေ ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ငလျင်ဗဟိုချက်မှ ၁၁ ကီလိုမီတာအကွာအဝေးမှာရှိတဲ့ တောင်ကြီးမြို့နဲ့ ၂၁ ကီလိုမီတာအကွာက ညောင်ရွှေမြို့တို့မှာ ငလျင်အနည်းငယ် လှုပ်ခတ်သွားတာကို ခံစားနိုင်မှာဖြစ်ပြီး ငလျင်ဗဟိုချက်မှ ၁၀၇ ကီလိုမီတာအကွာမှာရှိတဲ့ ရမည်းသင်း အပါအဝင် ငလျင်ဗဟိုချက်အနီးရှိ တခြားမြို့တွေမှာလည်း အင်အားအလွန်နည်းတဲ့ ငလျင်လှုပ်ခတ်မှုကို ကြုံရနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။

1 month Ago
More News
Up