မြို့ ၅ မြို့

August 3, 2020

မြို့ ၅ မြို့တွင် အပူချိန် စံချိန်သစ်တင်ပြီး ၁ မြို့တွင် မိုးရေချိန်စံချိန်တင်

ဒီနေ့ မြို့ ၅ မြို့မှာ အပူချိန် စံချိန်သစ်တွေ တင်ခဲ့ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာတော့ မိုးရေချိန် စံချိန်သစ်တင်လိုက်ပါတယ်။ တံတားဦး၊ သီပေါ၊ တောင်တွင်းကြီး၊ နေပြည်တော်လေဆိပ်(ဧလာ)နဲ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်တို့မှာ အပူချိန်စံချိန်သစ်တွေ တင်လိုက်တာလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ တံတားဦးမှာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က စံချိန်ကို ချိုးတာဖြစ်ပေမယ့် ဒသမ ၃ ဒီဂရီစင်တီဂရိတ်ပဲ ပိုလာတာဖြစ်လို့ ဒီနေ့ ၃၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ရှိပါတယ်။ သီပေါမှာတော့ ၂၀၁၂ ခုနှစ်က ၃၆ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၈ ဒီဂရီစင်တီဂရိတ်၊ တောင်တွင်းကြီးမှာ ၂၀၁၀ ပြည့်နှစ်က ၃၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်လေဆိပ်(ဧလာ) စခန်းမှာ ၂၀၁၀ ပြည့်နှစ်က ၃၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ၂၀၁၉ ခုနှစ်က ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၄ ဒီဂရီစင်တီဂရိတ်နဲ့ အသီးသီး စံချိန်သစ်တွေ တင်လိုက်တာပါ။ နေပြည်တော် ဥတ္တရသီရမြို့နယ်မှာပဲ ဒီနေ့ မိုးရေချိန် ၄ ဒသမ ၃၃ လက်မနဲ့ စံချိန်သစ်တင်ပြီး ၂၀၁၇ ခုနှစ်က စံချိန် ၃ ဒသမ ၃၅ လက်မကို ကျော်လွန်ခဲ့တာပါ။
1 year Ago

July 25, 2020

မြို့ ၅ မြို့တွင် အပူချိန် စံချိန်သစ်တင်

မနေ့က မြို့ ၅ မြို့မှာ အပူချိန် စံချိန်သစ်တွေ တင်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကိုင်း၊ လပွတ္တာ၊ ဘော်လခဲ၊ ကိုကိုးကျွန်းနဲ့ မော်လမြိုင်မြို့တို့မှာ ဇူလိုင် ၂၄ ရက်က အပူချိန် စံချိန်သစ်တွေ တင်ခဲ့တာပါ။ စစ်ကိုင်းမြို့မှာတော့ စခန်းဖွင့်တဲ့နေ့ကနေ ၅၆ နှစ်အတွင်း အပူဆုံးဖြစ်ပြီး ဇူလိုင် ၁၇ ရက်က စံချိန်ကို ထပ်ချိုးတာဖြစ်ပါတယ်။ မနေ့က အပူချိန်ကတော့ ၃၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။ လပွတ္တာမြို့မှာတော့ ၃၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်သစ်တင်တာဖြစ်ပြီး ၂၀၁၆ ခုနှစ်က စံချိန်ဟောင်းထက် ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုလာခဲ့တာပါ။ ကယားပြည်နယ်၊ ဘောလခဲမြို့မှာလည်း ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုတာဖြစ်ပြီး ၂၀၁၀ ခုနှစ်တုန်းက ၄၀ ဒီဂရီစင်တီဂရိတ် စံချိန်ကို ချိုးလိုက်တာပါ။ ကိုကိုးကျွန်းမှာတော့ မနေ့က အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်ရှိပြီး ၂၀၁၄ ခုနှစ်က စံချိန်ဟောင်း ၃၃ ဒသမ ၇ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့မှာတော့ မနေ့က အပူချိန် ၃၄ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ရှိပြီး ၂၀၁၆ ခုနှစ်က စံချိန်ဟောင်း ၃၄ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ထက် ပိုပြီး ပူလာတာ ဖြစ်ပါတယ်။
1 year Ago
Up