မြို့ ၃ မြို့

August 8, 2020

မြို့ ၃ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်

ဒီနေ့မနက် ၁၀ နာရီခွဲ တိုင်းထွာချက်အရ မြို့ ၃ မြို့ရဲ့ မြစ်ရေဟာ နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ပြန်လည် ကျဆင်းနိုင်ပြီး မြို့ ၂ မြို့ရဲ့ မြစ်ရေကတော့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။၊ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။    ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော် လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော် လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ငါးသိုင်းချောင်းမြို့ နဲ့ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အသိပေးနှိုးဆော်ထားပါတယ်။
8 months Ago

July 31, 2020

ဧရာဝတီမြစ်ရေ မြို့ ၃ မြို့၏ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

ဧရာတီမြစ်ရေဟာ ဟင်္သာတမြို့၊ ညောင်ဦးမြို့နဲ့ ဆိတ်သာမြို့တို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပြီး အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီ တိုင်းထွာချက်အရ ဧရာတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း ၁ ပေလောက် ဆက် လက်တက်လာနိုင်တယ်လို့ ဆိုပါတယ်။   ဒီနေ့မနက် ၁၁:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော် လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ အလားတူ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်  ၁ ပေခန့် ကျော် လွန်ရောက်ရှိနေပြီး နောက် ၃ ရက် အတွင်း ၁ ပေခန့် ဆက်လက်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဟင်္သာတ၊ ညောင်ဦးနဲ့ ဆိပ်သာမြို့ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။
9 months Ago
Up