မြို့ပြအင်ဂျင်နီယာဌာန

May 21, 2021

ဟင်္သာတနည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာန လက်‌ထောက်ကထိက ဖမ်းဆီးခံရ

ဟင်္သာတနည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာနရဲ့ လက်‌ထောက်ကထိက ဆရာမ ဒေါ်နီလာမြင့်ကို မေ ၂၁ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကား ၄ စီးနဲ့ လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ဟင်္သာတ အမှတ် ၁ ရဲစခန်းကို ခေါ်သွားတယ်လို့ သိရပါတယ်။

ဟင်္သာတနည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦးက “ဆရာမ အိမ်ကို ရှာတာတွေလုပ်ပြီး၊ ဘာကြောင့်ခေါ်သွားတာ မသိသေးဘူး” လို့ ပြောပါတယ်။

နည်းပညာတက္ကသိုလ်မြို့ပြဌာန လက်ထောက်ကထိက ဒေါ်နီလာမြင့်အား ဘာကြောင့် ဖမ်းဆီးတာ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ထောက်ကထိက ဒေါ်နီလာမြင့်ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တာကြောင့် တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရသူ ဖြစ်ပါတယ်။

ဟင်္သာတ နည်းပညာတက္ကသိုလ်က CDM ဆရာ ဆရာမ ၇၀ ကျော်အား တာဝန်မှယာယီရပ်ဆိုင်း‌ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း ကထိကဆရာတစ်ဦးအား ကျောင်းဝင်းထဲထိ ဝင်ရောက်ဖမ်းဆီး‌ခဲ့တယ်လို့ သိရှိရပါတယ်။

7 months Ago
Up