မြို့နယ်အချို့

A d v e r t i s e m e n t With Us

October 30, 2020

မန္တလေးခရိုင် မြို့နယ်အချို့တွင် ပီနံအိတ်များကို ကြိုတင်မဲပုံးအဖြစ်အသုံးပြုမှု မဲဆန္ဒရှင်များဝေဖန်

မန္တလေးခရိုင်အတွင်း အောက်တိုဘာ ၂၉ ရက်နေ့ကစတင်ပြီး အသက်ခြောက်ဆယ်အထက် ကြိုတင်မဲတွေကောက်ခံရာမှာ ပီနံအိတ်တွေနဲ့ ကြိုတင်မဲပုံးပြုလုပ်ဆောင်ရွက်နေတာတွေဟာ မဖြစ်သင့်ဘူးလို့ မဲဆန္ဒရှင်တွေက ဝေဖန်နေကြပါတယ်။ အသက်ခြောက်ဆယ်နဲ့ အထက် ရှိသူတွေ ကြိုတင်မဲပေးနိုင်ဖို့ကို အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ခွင့်ပြုထားပြီး မဲရုံဖွင့်ထားတဲ့နေရာတွေမှာ လာရောက်မဲပေးနိုင်သလို တချို့ ရပ်ကွက်တွေမှာတော့ မဲရုံတာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် လိုက်လံကောက်ယူနေပါတယ်။ အဲ့ဒီလို ကောက်ယူရာမှာ မန္တလေးခရိုင်အတွင်း မြို့နယ်အချို့မှာ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ ကြိုတင်မဲပုံးတွေကို အသုံးမပြုဘဲ ပီနံအိတ်တွေကို အသုံးပြုကောက်ခံခဲ့ကြတာတွေ ရှိတယ်လို့ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒရှင်တဦးဖြစ်တဲ့ ဦးမြင့်ချိုက ပြောပါတယ်။ "ကျနော်တို့ မန္တလေးမှာက ပြောမယ်ဆိုရင် အမရပူရမြို့နယ်မှာ မဲပုံးထဲမှာထည့်ရတယ်။ ဒီဘက်ကိုဆက်လာရင် ချမ်းမြသာစည်မြို့နယ်၊ ကျွန်တော်တို့မြို့နယ်ကျတော့ မဲက အိတ်ထဲမှာ ထည့်ရတယ်။ ကျနော်တို့မြို့နယ်ကနေ တခါ ဟိုဘက် မဟာအောင်မြေမြို့နယ်ထဲမှာကျလည်း ပုံးနဲ့ထည့်ရတယ်။ ပြီးတော့ ဟိုဘက်ဆက်သွားရင် ချမ်းအေးသာစံမြို့နယ်ကျလည်း အိတ်တွေနဲ့ ပြန်ဖြစ်သွားတယ်။ ဟိုဘက်တခါ အောင်မြေသာစံကျလည်း ပုံးနဲ့ဖြစ်တယ်၊ ပုသိမ်ကြီးမြို့နယ်ကျလည်း ပုံးနဲ့ဖြစ်တယ်။ အဲ့ဒီတော့ ဆိုလိုတာက မန္တလေးမြို့ တကယ့်မြို့လည်ခေါင်ကြီးတောင်မှ တစ်မြို့နယ်နဲ့ တစ်မြို့နယ် ဆက်စပ်နေတာတောင်မှ ဒီမြို့နယ်က ပုံစံတစ်မျိုး၊ ဟိုဘက်မြို့နယ်က ပုံစံတစ်မျိုးဆိုရင် ဒါကြီးတွေက ကော်မရှင်လုပ်ရပ်တစ်ခုအနေနဲ့ ပေါ့နော်၊ ကော်မရှင်ဆိုတာ ဒီမဲကိုင်တွယ်တဲ့ အနေအထားနဲ့က ဒီဟာကြီးတွေက ဖြစ်သင့်လား၊ တနယ်တမျိုးဖြစ်နေတာကြီးက သဘာဝကျလားဆိုတာလည်းပဲ ကျနော်တို့က မေးခွန်းထုတ်စရာဖြစ်ပါတယ်။"  မဲပေးပြီးတဲ့အခါ ချိတ်ပိတ်ထားတဲ့ ကြိုတင်မဲပုံး‌ထဲကို တိုက်ရိုက်မရောက်ဘဲ ပီနံအိတ်တွေနဲ့ တဆင့်ပြန်လည်သယ်ယူတဲ့အပေါ် အမှားအယွင်းဖြစ်လာမှာကို ကြိုတင်မဲဆန္ဒရှင်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ မဲဆန္ဒရှင် တဦးဖြစ်တဲ့ ဦးမြင့်ချိုက "ပြည်သူတစ်ယောက်အနေနဲ့ မဲအိတ်ဆိုတာ ကျနော်လည်း မကြားဖူးဘူးဗျ၊ မဲပုံးဆိုတာပဲ ကြားဖူးတယ်။ အဲ့တော့ မဲကပုံးနဲ့ မထည့်ပဲနဲ့ ဒီအိတ်တွေထဲထည့်တယ်၊ ဒီနေ့ဆိုရင် ကျနော်တို့ကြားတာ၊ ဒီမဲတွေကို နောက်ဆုံး ကြွပ်ကြွပ်အိတ်နဲ့တောင်ထည့်တယ်။ အခုအချိန်မှာဗျာ၊ ကျွန်တော်တို့ မဲတပြားဆိုတာ တန်ဖိုးကိုဖြတ်လို့မရဘူး။ အဲဒီတန်ဖိုးမဖြတ်နိုင်တဲ့ မဲတစ်မဲက ပုံးနဲ့မရောက်ဘဲနဲ့ အလွယ်တကူ အိတ်တွေထဲရောက်တယ်၊ ကြွပ်ကြွပ်အိတ်တွေထဲရောက်တယ်၊ ဆာလာအိတ်တွေထဲ ရောက်တယ်ဆိုရင် ဒါကြီးကတော့ သဘာဝမကျဘူးလို့ ကျနော်ကတော့ အဲ့လိုပဲမြင်တယ်၊ အဲ့လိုပဲပြောချင်ပါတယ်။” အခုလို ပီနံအိတ်တွေနဲ့ မဲတွေထည့်သယ်တာဟာ ရပ်/ကျေးကော်မရှင်တချို့ရဲ့ လုပ်ဆောင်မှု အမှားအယွင်းတခုသာဖြစ်ပြီး နောက်ရက်တွေမှာ ခွင့်ပြုထားတဲ့ ကြိုတင်မဲပုံးတွေနဲ့သာ လိုက်လံကောက်ခံကြဖို့ ထပ်မံညွှန်ကြားထားတယ်လို့ တိုင်းကော်မရှင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ "သူတို့လုပ်ဆောင်မှု အလွဲတွေဖြစ်ပါလိမ့်မယ်၊ မဲပုံးနဲ့ပဲ ကောက်ရမှာပါ။" ပီနံအိတ်နဲ့ထည့်ယူတဲ့ မဲတွေအနေနဲ့ကတော့ ပယ်မဲဖြစ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ မန္တလေးတိုင်းအတွင်းမှာတော့ အသက်ခြောက်ဆယ်နဲ့အထက် ကြိုတင်မဲပေးမယ့်သူ ခုနစ်သိန်းခွဲဝန်းကျင်ရှိနိုင်တယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားပါတယ်။ ထိန်ထိန်လင်း
3 months Ago

August 22, 2020

မော်လမြိုင် အပါအဝင် မြို့နယ်အချို့တွင် ရေကြီးရေလျှံ၊ အနိမ့်ပိုင်းက အိမ်ထောင်စုများ ရွှေ့ပြောင်း

မွန်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင် အပါအဝင် မြို့နယ်တချို့မှာ ရေကြီးရေလျှံတာတွေ စတင်ဖြစ်ပေါ်နေပြီး အနိမ့်ပိုင်းရပ်ကွက်က အိမ်ထောင်စုတွေကို စတင်ရွှေ့ပြောင်းပေးနေရပါတယ်။ သြဂုတ် ၂၁ ရက် ညဦးပိုင်းကတည်းက ရွာသွန်းတဲ့ မိုးရေကြောင့် ရေကြီးရေလျှံတာတွေ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး သြဂုတ် ၂၂ ရက်နေ့ ညနေပိုင်းအထိ အဆက်မပြတ် ရွားသွန်းနေပါတယ်။ လက်ရှိမှာတော့ မော်လမြိုင်မြို့ရပ်ကွက်တခုဖြစ်တဲ့ တောင်ဝိုင်း ဥယျာဉ်လမ်းရှိ အိမ်ထောင်စုတွေနဲ့ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ် ရပ်ကွက် တချို့က အိမ်ထောင်စုတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတာပါ။ ဒါအပြင် မုဒုံ-သံဖြူဇရပ် ကားလမ်းရေကျော်နေပြီး လတ်တလောမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကူညီတာတွေ လုပ်ဆောင်နေပါတယ်။
5 months Ago
Up