မြို့နယ်လျှပ်စစ်ရုံး

October 9, 2021

မိတ္ထီလာတွင် မြို့နယ်လျှပ်စစ်ရုံးနှင့် Mytel တာဝါတိုင် ဗုံးပစ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ အောက်တိုဘာ ၈ ရက်နေ့က ရန်မျိုးအောင်ရပ်ကွက်ရှိ စစ်တပ်ပိုင်  Mytel တာဝါတိုင်ကို လောင်စာဆီပါတဲ့ မီးပုလင်းနဲ့ ဗုံးပစ်ခဲ့ရသလို မြို့မ (၄)၊ ဆိုင်းတန်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးကို အသံဗုံးနဲ့ အပစ်ခံခဲ့ရပေမဲ့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “မနက်ပိုင်းက Mytel တာဝါတိုင်ကို မီးပုလင်းနဲ့ လက်ပစ်ဗုံး အပစ်ခံရတယ်။ မီးပုလင်းကြောင့် မီးလောင်တယ်။ ဗုံးကတော့ မကွဲဘူး။ တာဝါတိုင်က ပျက်စီးတာ မတွေ့ရဘူး။ လျှပ်စစ်ရုံးကို အသံဗုံး ပစ်တာလည်း ထိခိုက်မှုမရှိဘူး”လို့ ပြောပါတယ်။

အောက်တိုဘာ ၉ ရက် ဒီကနေ့ မနက်အစောပိုင်းမှာတော့  မိတ္ထီလာကန်ဘောင်တံတားမှာ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” ဆိုတဲ့ စာသားပါ စာရွက်တွေ ဖြန့်ချထားပြီး ဆိုင်းဘုတ်ချိတ်ဆွဲထားပါတယ်။

2 weeks Ago
Up