မြို့တော် ဂျကာတာ

February 25, 2020

အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် ရေကြီးနေ

အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော် ဂျကာတာက အဓိကဒေသအစိတ်အပိုင်းတွေမှာ ဖေဖော်ဝါရီ ၂၅ ရက်က ရေလွှမ်းနေပါတယ်။ အဓိကလမ်းတွေ ရေကြီးနေပြီး မြို့တွင်း နေရာတချို့မှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ ဂျကာတာအရှေ့ပိုင်း လူနေရပ်ကွက်တခုမှာ ဒေသခံတွေကို ရာဘာဖောင်တွေပေါ် တင်ပြီး ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတာပါ။ မြို့တော်အနောက်ပိုင်း ဘေကာစီဒေသမှာ ရေကြီးမှု အခြေအနေက ဆိုးရွားနေပြီး မြေနိမ့်ပိုင်းဒေသတွေလည်း ဆိုးဆိုးရွားရွား ရေဘေးသင့်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံနဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ တိုက်ခတ်နေတဲ့ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းတွေကြောင့် ဂျာဗား၊ ဘာလီနဲ့ နူဆာတန်ဂါရာ ကျွန်းတွေတလွှားမှာ ရာသီဥတု ဆိုးရွား ခဲ့တယ်လို့ အင်ဒိုနီးရှား မိုးလေဝသအေဂျင်စီက ပြောပါတယ်။ ဂျာဗားကျွန်းတောင်ပိုင်းက ပင်လယ်ပြင်တွေမှာ လှိုင်းကြီးမယ်လို့လည်း သတိပေးထားပါတယ်။ ဒီနှစ်စကတည်းက ဂျကာတာမြို့တော်မှာ မှတ်တမ်းတွေ စပြီးရေးမှတ်တဲ့ အချိန်ကနေ ခုထိ မိုးအသည်းထန်ဆုံး ရွာခဲ့လို့ ရေကြီးမှုတွေအတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ပြီး လူ ၁ သိန်း ၈ သောင်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းရပါတယ်။
1 year Ago
Up