မြို့တော်ဝန် သတိပေး

June 23, 2020

ဆိုးလ်မြို့တွင် တစ်ရက်ကို ကိုဗစ်-၁၉ လူနာသစ် ရာချီတွေ့နိုင်ဟု မြို့တော်ဝန် သတိပေး

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ တစ်နေ့ကို ကိုဗစ်-၁၉ လူနာသစ် ရာချီ တွေ့ရနိုင်တယ်လို့  မြို့တော်ဝန်က ဇွန် ၂၂  ရက်မှာ သတိပေးလိုက်ပါတယ်။  ဆိုးမြို့တော်ဝန်က “ဆိုးလ်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ရင် တစ်နိုင်ငံလုံး ကူးစက်မှာဖြစ်တယ်။ မြို့ကြီးပြကြီးတွေမှာ ကူးစက်ရင်  အခုထိ ကြိုးပမ်းထားမျှ အားလုံး သဲထဲရေသွန် ဖြစ်လိမ့်မယ်”လို့  သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။   ပျမ်းမျှ ရောဂါကူးစက်နှုန်းက လွန်ခဲ့တဲ့ ၁၀ ရက်ကအတိုင်း ဆက်ရှိနေမယ်ဆိုရင် တစ်လမှာ နေ့စဉ် ကူးစက်လူနာ ၈၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်းက ပြောပါတယ်။  ဒါ့အပြင် တင်းကျပ်တဲ့ ခပ်ခွာခွာနေရေးအစီအမံတွေ ပြန်ချမှတ်နိုင်တယ်လို့လည်း  မြို့တော်ဝန်က  ပြောခဲ့ပါတယ်။  ဇွန် ၂၃ ရက်က ဆိုးလ်မြို့မှာ ကူးစက်သူ ၆ ယောက် အပါအဝင် တစ်နိုင်ငံလုံးမှာ ၄၆ ယောက် ရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ စုစုပေါင်း ရောဂါပိုး ကူးစက်သူ ၁၂,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၈၁ ယောက်ရှိတယ်လို့ Worldometer  ဝက်ဘ်ဆိုက်အရ သိရပါတယ်။
1 year Ago
Up