မြို့တော်စာနာ

September 23, 2019

မြို့တော်စာနာကို သိမ်းပိုက်နိုင်ခဲ့မှု ၅ နှစ်ပြည့်ပွဲ ဟူသီထောက်ခံသူ ထောင်သောင်းချီ ပါဝင်

ယီမင်နိုင်ငံအတွင်း ဟူသီလှုပ်ရှားမှုကို ထောက်ခံသူ ထောင်သောင်းချီပြီး မြို့တော် စာနာကို သိမ်းပိုက်မှု ၅ နှစ်ပြည့်ပွဲကို စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့ပါတယ်။  ယီမင်နိုင်ငံထဲက ဇေဒီရှီးယိုက် မွတ်စလင်ဂိုဏ်းက ဟစ်ကြွေးသံတွေကိုလည်း ဟစ်ကြွေးပါတယ်။  ဟူသီတွေဟာ ၂၀၁၄ မှာ မြို့တော် စာနာကို သိမ်းပိုက်ခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြု သမ္မတ အဘ်ဒယ်ရာဘူမန်ဆော်ဟာဒီရဲ့ အစိုးရကို မောင်းထုတ်နိုင်ခဲ့လို့ အစိုးရဟာ ဆော်ဒီအာရေဗျနိုင်ငံဆီ ထွက်ပြေးခဲ့ရပါတယ်။  ဟူသီတွေကတော့ နိုင်ငံရေးသြဇာကို အလွဲသုံးစားလုပ်နေတဲ့ အကျင့်ပျက် နိုင်ငံရေးသမားတွေနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို တော်လှန်တိုက်ပွဲဝင်နေတာလို့ ပြောပါတယ်။ အီရန်ရဲ့ နိုင်ငံရေးသြဇာက ပင်လယ်ကွေ့ဒေသမှာ အားကောင်းလာမှာကို စိုးရိမ်လို့ ဆော်ဒီနဲ့ ဆွန်နီမွတ်စလင်အာရပ် ပင်လယ်ကွေ့နိုင်ငံတွေ၊ အမေရိကန်နဲ့ ဗြိတိန်တို့က ၂၀၁၅ မှာ ယီမင်နိုင်ငံ ထဲက ဟူသီတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။  အချုပ်အခြာ လွတ်လပ်ရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် တိုက်ပွဲဝင်ရာမှာ ဘယ်နိုင်ငံခြား စွက်ဖက်မှုကိုမဆို နှိမ်နင်းဖို့ ယီမင်ပြည်သူတွေက စိတ်ပိုင်းဖြတ်ထားတယ်လို့ ဟူသီအရာရှိ မိုဟာမဒ်အယ်လ်ဝါရစ်သ်က စနေနေ့မှာ ပြောပါတယ်။  ယီမင်ပဋိပက္ခကို ဆော်ဒီအာရေဗျနဲ့ အီရန်တို့ရဲ့ ကြားခံတပ်တွေကြားက စစ်ပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြတာပါ။  စစ်ပွဲကြောင့် လူထောင်သောင်းချီ သေဆုံးခဲ့ပြီး လူလေးသန်းကျော် အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေလို့ ခေတ်သစ်သမိုင်းမှာ အဆိုးဆုံး လူသားချင်း စာနာမှု အကျပ်အတည်းအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၿမိဳ႕ေတာ္စာနာကို သိမ္းပိုက္ႏိုင္ခဲ့မႈ ၅ ႏွစ္ျပည့္ပြဲ ဟူသီေထာက္ခံသူ ေထာင္ေသာင္းခ်ီ ပါဝင္ ယီမင္ႏိုင္ငံအတြင္း ဟူသီလႈပ္ရွားမႈကို ေထာက္ခံသူ ေထာင္ေသာင္းခ်ီၿပီး ၿမိဳ႕ေတာ္ စာနာကို သိမ္းပိုက္မႈ ၅ ႏွစ္ျပည့္ပြဲကို စက္တင္ဘာ ၂၁ ရက္က က်င္းပခဲ့ပါတယ္။ ယီမင္ႏိုင္ငံထဲက ေဇဒီရွီးယိုက္ မြတ္စလင္ဂိုဏ္းက ဟစ္ေႂကြးသံေတြကိုလည္း ဟစ္ေႂကြးပါတယ္။ ဟူသီေတြဟာ ၂၀၁၄ မွာ ၿမိဳ႕ေတာ္ စာနာကို သိမ္းပိုက္ခဲ့ၿပီး ႏိုင္ငံတကာ အသိအမွတ္ျပဳ သမၼတ အဘ္ဒယ္ရာဘူမန္ေဆာ္ဟာဒီရဲ႕ အစိုးရကို ေမာင္းထုတ္ႏိုင္ခဲ့လို႔ အစိုးရဟာ ေဆာ္ဒီအာေရဗ်ႏိုင္ငံဆီ ထြက္ေျပးခဲ့ရပါတယ္။ ဟူသီေတြကေတာ့ ႏိုင္ငံေရးၾသဇာကို အလြဲသုံးစားလုပ္ေနတဲ့ အက်င့္ပ်က္ ႏိုင္ငံေရးသမားေတြနဲ႔ ပင္လယ္ေကြ႕ႏိုင္ငံေတြကို ေတာ္လွန္တိုက္ပြဲဝင္ေနတာလို႔ ေျပာပါတယ္။ အီရန္ရဲ႕ ႏိုင္ငံေရးၾသဇာက ပင္လယ္ေကြ႕ေဒသမွာ အားေကာင္းလာမွာကို စိုးရိမ္လို႔ ေဆာ္ဒီနဲ႔ ဆြန္နီမြတ္စလင္အာရပ္ ပင္လယ္ေကြ႕ႏိုင္ငံေတြ၊ အေမရိကန္နဲ႔ ၿဗိတိန္တို႔က ၂၀၁၅ မွာ ယီမင္ႏိုင္ငံ ထဲက ဟူသီေတြကို တိုက္ခိုက္ခဲ့ၾကပါတယ္။ အခ်ဳပ္အျခာ လြတ္လပ္ေရးနဲ႔ လြတ္လပ္ခြင့္ေတြအတြက္ တိုက္ပြဲဝင္ရာမွာ ဘယ္ႏိုင္ငံျခား စြက္ဖက္မႈကိုမဆို ႏွိမ္နင္းဖို႔ ယီမင္ျပည္သူေတြက စိတ္ပိုင္းျဖတ္ထားတယ္လို႔ ဟူသီအရာရွိ မိုဟာမဒ္အယ္လ္ဝါရစ္သ္က စေနေန႔မွာ ေျပာပါတယ္။ ယီမင္ပဋိပကၡကို ေဆာ္ဒီအာေရဗ်နဲ႔ အီရန္တို႔ရဲ႕ ၾကားခံတပ္ေတြၾကားက စစ္ပြဲအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ရႈျမင္ထားၾကတာပါ။ စစ္ပြဲေၾကာင့္ လူေထာင္ေသာင္းခ်ီ ေသဆုံးခဲ့ၿပီး လူေလးသန္းေက်ာ္ အငတ္ေဘးဆိုက္လုနီးပါး ျဖစ္ေနလို႔ ေခတ္သစ္သမိုင္းမွာ အဆိုးဆုံး လူသားခ်င္း စာနာမႈ အက်ပ္အတည္းအျဖစ္ ကုလသမဂၢက သတ္မွတ္ထားပါတယ္။
2 years Ago
Up