ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ရန်ကုန်မြို့က ကျောင်းသားလူငယ်တွေနဲ့ ပြည်သူ သောင်းဂဏန်းဝန်းကျင် စုပေါင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ဖို့၊ ဖမ်းဆီးထားသူတွေ ပြန်လည်လွှတ်ပေးဖို့ အထွေထွေသပိတ်မှာ အားလုံးပူးပေါင်းပါဝင်ကြဖို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။ လုံခြုံရေးအင်အား ၁၀၀ ကျော် တားဆီးပိတ်ပင်ထားပါတယ်။