မြိတ်လေတပ်စခန်းဌာနချုပ်

June 4, 2020

မြိတ်လေတပ်စခန်းဌာနချုပ်ဘောလုံးပွဲတွင် မိုးကြိုးပစ်ခံရပြီးလူ ၅ ဦးသေဆုံး

ဇွန်လ ၃ ရက် ညနေ ၅ နာရီဝန်းကျင်က တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာရှိတဲ့ မြိတ်လေတပ်စခန်းဌာနချုပ် အမှတ် (၇၂) လေယာဉ်အုပ်စုက ကျင်းပတဲ့ ဌာနချုပ်မှူးဒိုင်း တပ်တွင်းဖူဆယ်ဘောလုံးပြိုင်ပွဲမှာ မိုးကြိုးပစ်လို့ လူ ၅ ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်စခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ သေဆုံးသွားသူတွေဟာ တပ်မိသားစုဝင်အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူတွေကိုတော့ မြိတ်မြို့နယ်မှာရှိတဲ့ အမှတ် (၅) တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ ဆေးရုံတက်ရောက်ကုသနေတဲ့ ကာယကံရှင် မိသားစုဝင် တစ်ဦးကတော့ မိုးကြိုးစက်ကွင်းမိလို့ ဒဏ်ရာရရှိသူတွေ တပ်မတော် စစ်ဆေးရုံမှာတွေ့နေရပြီး လိုက်လံရေတွက်ရာမှာတော့ ၁၀ ဦးထက်မနည်း ရှိတယ်လို့ ဖုန်းနဲ့ပြန်လည်ဖြေကြားပါတယ်။  အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ မြိတ်မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကိုမေ းမြန်းရာမှာတော့ ဖြစ်စဉ်နဲ့ သေဆုံးမှုဟာ မှန်ကန်ပြီး အတိအကျကိုတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်ဖြစ်တာကြောင့် တပ်မတော်ဘက်ကိုသာပြန်လည်မေးမြန်းဖို့ ပြောကြားပါတယ်။  မိုးကြိုဝင်ကာစ အချိန်ကာလတွေမှာ အခုလို မိုးကြိုးပစ်တဲ့ အန္တရာယ်ဖြစ်ပေါ်လေ့ရှိတတ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောကြားထားပါတယ်။   
1 year Ago
Up