မြိတ်မြို့ဆေးရုံ

A d v e r t i s e m e n t With Us

March 25, 2020

မြိတ်မြို့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁ ဦးနှင့် သံသယလူနာ ၁ ဦးရောက်ရှိ

တနင်္သာရီတိုင်း၊ မြိတ်မြို့ပြည်သူ့ဆေးရုံမှာ ထိုင်းနိုင်ငံက ပြန်လာသူ ၂ ဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးနဲ့ သံသယလူနာတစ်ဦး အဖြစ် စောင့်ကြည့်ကုသပေးနေတယ်လို့ မြိတ်ပြည်သူ့ဆေးရုံက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။  မတ်လ ၂၂ ရက်က ထိုင်းနိုင်ငံ ပရာကျွတ်မြို့ကနေ မြန်မာနိုင်ငံ ဘုတ်ပြင်းမြို့ကို ဆိုင်ကယ်နဲ့ ပြန်လည်ဝင်ရောက်လာသူအမျိုးသားတစ်ဦးက အဆိုပါနေ့မှာပဲ ဖျားနာပြီးချောင်းဆိုးနေတာကြောင့် မတ်လ ၂၄ ရက်က ဆေးရုံကိုပို့ဆောင်ခဲ့ကာ ဆေးရုံရောက်ရှိချိန်မှာတော့ အဖျားကျသွားခဲ့တယ်လို့သိရပါတယ်။  အဲဒီလိုအဖျားကျပြီးတဲ့နောက် အဆုတ်ကိုစစ်ဆေးခဲ့ရာမှာ အဆုတ်ခဲနေပြီး သွေးထဲမှာလည်း သွေဖြူဥများနေတဲ့အတွက် အဆိုပါသူကို သီးခြားဆောင်မှာ စောင့်ကြည့်လူနာအဖြစ် ကုသပေးနေတယ်လို့ မြိတ်ဆေးရုံက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အလားတူ မြိတ်မြို့နယ် ရေမြစ်ကြီးကျေးရွာမှာနေထိုင်သူတစ်ဦးဟာလည်း မတ်လ ၁၆ ရက်က ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ ပြန်လာရာမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စစ်ဆေးချက်အရ အဖျားနဲ့ ချောင်းဆိုတာအနည်းငယ်ရှိတဲ့အတွက် စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့်အဆောင်မှာ စစ်ဆေးပေးနေတယ်လို့သိရပါတယ်။  ကိုရိုနာဗိုင်းရပ်ပိုးရှိမရှိနဲ့ပတ်သက်ပြီး ဓါတ်ခွဲနမူနာတွေကို ရန်ကုန် အမျိုးသားဓါတ်ခွဲခန်းကို ပို့ဆောင်ပေးမှာဖြစ်ပြီး ရရှိလာတဲ့အဖြေနဲ့ပတ်သက်လို့ ပြည်သူတွေကို အသိပေးသွားမှာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ 
11 months Ago
Up